Chapter-42

14.4K 1.5K 115
                                    

Unicode

အချစ်အားတစ်ဖန် ကြိုးစားယူခြင်း

မှောင်မဲမဲပတ်ဝန်းကျင်တစ်ဝိုက် ပုရစ်သံတစီစီကလွဲလျှင် အခြားမရှိ။ ရိုးတိုးရိပ်တိတ်မြင်နေရသည့် လယ်ကွင်းထဲမှ ထိုးထိုးထောင်ထောင်စပါးပင်များရယ် ၊ ကြည်လင်နေသည့်ကောင်းကင်မှ ကြယ်တွေရယ် ၊ နောက်ပြီး အမှောင်ထဲမှာ ကုန်းကုန်းကွကွဖြစ်နေကြသည့် လူနှစ်ဦးရယ်။ ဖုန်းမီးကိုယ်စီနှင့် ကားကို တောင်ကြည့်လိုက်မြောက်ကြည့်လိုက်လုပ်ကာ ခေါင်းကုပ်သူကကုပ်၊ ဖင်ကုပ်သူကကုပ်ဖြင့် အလုပ် ရှုပ်နေကြ၏။

"ဘီးက လုံးဝကိုပေါက်ထွက်သွားတာပဲ"

"အပိုလဲဖို့ ပါမလာဘူးလား"
ကိုယ်ပေါ်ကျလာသည့် မီးရောင်နှင့်အတူ ကြည်လင်သောအသံကြောင့် ထိုမီးရောင်စူးစူးတွေထဲ မျက်စိများမှေးကျသည်အထိစိုက်ကြည့်ရင်း ချစ်ရသူဆီ အကြည့်လှမ်းပို့လိုက်သည်။ အလင်းဖျော့ဖျော့အောက်ရှိ ဖြူဝင်းဝင်းမျက်နှာလေးဟာ စိတ်ပူသည့်ဟန်ပေါက်လျက်။ မျက်နှာကိုထိုးထားမိမှန်း သတိထားမိတော့ ဖုန်းမီးကိုအောက်လျှောချကာ သျှမ်းထိုင်နေသည့်အနားသို့ ကပ်ဝင်ထိုင်သည်။

"ကားဘီးအပိုက ပါမလာဘူး"

မအီမသာဖြစ်သွားသော မျက်နှာလေးက ချစ်စရာ။ သို့သော် မျက်နှာတော်ညှိုးမှာပင် မလိုလားတဲ့သျှမ်းကတော့ ချက်ချင်းဖြေရှင်းချက်ပေးလိုက်သည်။

"ဒါပေမဲ့ ကိုကို့အသိ ရွှေဘိုမြို့ထဲမှာရှိတယ်။ သူ့ဆီဖုန်းလှမ်းဆက်ရင်တော့ စီစဉ်ပေးနိုင်မှာပါ"

"ခုတောင် ဆယ်နာရီထိုးနေပြီ။လာဖို့ကျ ခက်ခဲမယ်မှာပဲ ရွာကလဲ တော်တော်ခေါင်ပြီး ဝေးတာကို"

မျက်ဝန်းညိုလေးတွေဟာ အမှောင်ထဲက မဆုံးနိုင်သော မြေလမ်းမကြီးဘက်ကိုငေးရင်း မျှော်လင့်ချက်မဲ့စွာဆို၏။ တကယ်ဆို သူတို့ကို ရွာမှာအိပ်လိုက်ကြဖို့ ‌ပြောလာကတည်းက လက်ခံလိုက်သင့်သည်။နာတာရှည်လူနာက နဒီ့အမျိုးမို့ လာကြည့်ပေးရင်း တခြားလူနာတွေကိုပါ ပတ်ကြည့်လိုက်ကြတာ အားလုံးကြည့်ပြီးတော့ တော်တော်တောင်မှောင်နေခဲ့ပြီ။လူနာရှင်တွေကအိပ်ဖို့စီစဉ်ပေးပေမဲ့ နှစ်ယောက်သာ မှောငကန်းကန်းထဲပြန်လာကြခြင်း။ခုတော့ လမ်းမှာကားဘီးပေါက်ကာ တောင်မရောက်မြောက်မရောက်ဖြစ်ရတော့သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now