Chapter - 88

7.3K 1.4K 150
                                    

သာယာ၍နေသာသည့် ထိုနေ့တစ်နေ့မှာပဲ အားကစားကွင်းထဲတွင် အော်သံတွေ အဆက်မပြတ်ထွက်လာခဲ့တယ်။

‘‘အားးးးးးးးးးးး!!!”

ကောကျစ်ရှုန်းကဝောာ့ နားပိတ်ပြီး အနောက်ဆုတ်သွားတယ်။ သူ့မယ် အားတွေလည်း ကုန်လှပြီ။
‘‘ရှောင်ရွဲ့ရယ် တော်ပါတော့ ငါ့နားတွေလည်း ကန်းတော့မယ်...”

‘‘မရဘူး မရဘူး!! တော်တော်ဖြစ်နေပြီ! ငါ့မျက်စိရှေ့မှာတင် ကြေညာလိုက်တာကို! ဘယ်လိုလုပ် ရင်မခုန်ပဲနေပါ့မလဲ!! ငါတော့ ပေါက်ကွဲထွက်တော့မှာပဲ!!!အားးးးး!”

တခြားClass 1ကျောင်းသားတွေကလည်း နားတွေပိတ်ပြီး ခပ်ဝေးဝေးပြေးကြတယ်။
‘‘တာ့ရှုန်း မင်းကောင်မလေးကို လူနည်းတဲ့နေရာ မြန်မြန်ခေါ်ထုတ်သွားစမ်းပါ”

‘‘ဘယ်‌နေရာကများ လူနည်းလို့လဲ၊ ကျောင်းဆင်းချိန်ဆိုမှတော့ နေရာတိုင်းလူတွေရှိနေတဲ့ဟာကို” 

ဟန်မုန့်က ထရပ်ပြီး ပြောတယ်။
‘‘ထားလိုက်တော့ သွားကြမယ် ရုံးခန်းကိုသွားကြည့်ရအောင်၊ ဟိုနှစ်ယောက် သွားတာကြာလှပြီကို ဘာလို့ပြန်မလာသေးတာလဲ မသိဘူး....”

‘‘ငါ့အထင်တော့ မနက်ဖြန်ထိ‌အောင် ပြန်လာမှာမဟုတ်‌လောက်ဘူး”
ကျန်းခဲ့က ပြုံးစိစိနဲ့
‘‘တကယ့်နှစ်ကောင်ကွာ၊ ကြေညာ‌တာတောင် တစ်ကျောင်းလုံးကို ရှော့ခ်ရအောင်လုပ်သွားတယ်၊ မင်းတို့မြင်လိုက်ကြလား စင်ပေါ်ကို ချဲယ်ကော တက်သွားတုန်းက ကျန်းကျောက်ကျူးကြီး ကြောင်နေတာလေ မျက်လုံးတွေလည်း ပြူးသွားတာမှ ပြုတ်ထွက်မတတ်ကိုပဲ ဟားဟားဟား ငါအူတက်လို့ သေတော့မှာပဲ!”

...

‌အကြောင်းကို ဆက်ရရင်တော့ ကျန်းရင်ဖုန်းမှာ ရှော့ခ်ရရာကနေ ခုထိလည်း ကြောင်တောင်တောင်ဖြစ်နေတုန်းပဲ။

ရုံးခန်းအတွင်းမှာ :

‘‘.....မင်းတို့နှစ်‌ယောက်က?”

‘‘ဟုတ် ကျွန်တော်တို့နှစ်ယောက်ပါ”
ရင်းချဲယ်က ပြန်ပြောတယ်။

နှစ်ယောက်ကို ကျန်းရင်ဖုန်း ကြည့်လိုက်တယ်။ ‌တစ်ယောက်က ဖော်ရွေနွေးထွေးတယ် တစ်ယောက်က anti-social

Pay Attention To Me [Myanmar Translation]Where stories live. Discover now