Chapter 43

28.6K 4.1K 800
                                    

Unicode

ကျန်းမော့ချန် ယွမ်မင်ရွှိကို ဒေါသတကြီး ဆူပြီ
__________________________________

''ဝူယွမ် '' ကျန်းမော့ချန် လေးနက်မှုအပြည့်ဖြင့် ပြောလာသည်။ '' နောက်တခါ ယန်းချင်းချီမဟုတ်တဲ့ အခြားလူတွေ ငါ့နာမည်နဲ့ကပ်ပြီး Hot Searchထဲ ရောက်လာရင် အကုန်ဖျက်ပစ် ငါလက်ထပ်ပြီးသားဆိုတာ မင်းလည်းသိနေတာပဲ မလိုအပ်တဲ့ အထင်လွဲမှုတွေ မဖန်တီးချင်ဘူး ''

''ဘယ်သူ့အတွက်နဲ့ အထင်လွဲမှုတွေ မဖန်တီးချင်တာလဲ ယန်းချင်းချီအတွက်? မင်းသူ့ကို အဲ့လောက်တောင် ဂရုစိုက်တာလား ''

''မင်း အဲ့ကိစ္စတွေကို လိုက်ပူနေစရာမလိုဘူး ငါပြောတာ မှတ်ထားရင်ပဲ ရပြီ ''

''ဟုတ်ပြီ ငါလည်း လိုက်မပူရဖို့ ဆုတောင်းပါတယ် ''

ကျန်းမော့ချန် ဖုန်းချလိုက်ပြီးနောက် ယွမ်မင်ရွှိကို ဆက်ခေါ်လိုက်သည်။

''ဘာလဲ '' ယွမ်မင်ရွှိ သူ့ဖုန်းကို ပြန်ဖြေလာသည်။

''Hot Search ကိုဝယ်တာ မင်းဘက်ကလား ''

''အင်း ငါ ဒီမှာမရှိတာကြာပြီဆိုတော့ ပြန်လာပြီဆိုတဲ့အကြောင်းကို Fanတွေသိအောင် ကြေငြာပေးရမယ်လို့ ငါ့မန်နေဂျာကပြောလို့ ''

''အဲ့တော့ ငါ့ကိုအသိမပေးပဲနဲ့ မင်းဘက်က အားလုံးကို ကြိုတင်ပြင်ဆင်ပြီးမှ လာတွေ့တာပေါ့?  ''

ယွမ်မင်ရွှိမှာ တော်တော်လေး အံ့အားသင့်သွားကာ

''အရင်ကလည်း အဲ့လိုပဲမဟုတ်ဘူးလား ငါမင်းကို ကြိုအသိပေးစရာမလိုဘူး ထင်လို့လေ ''

ကျန်းမော့ချန် သရော်သလို နှာခေါင်းရှုံ့လိုက်သည်။

''ယွမ်မင်ရွှိ ငါတို့က တစ်ကုမ္ပဏီထဲ မဟုတ်ဘူး မင်းက နန်ချန်ကလူမဟုတ်တဲ့အတွက် မင်းပရိုမိုးရှင်းဆင်းတိုင်း ငါလိုက်ပူးပေါင်းပေးရပါ့မယ်ဆိုတဲ့ တာဝန်မရှိဘူး မင်းအရင်က အသိပေးစရာမလိုဘူးဆိုတာ အသိပေးဖို့လည်း မလိုလို့၊ ငါကိုယ်တိုင်က လိုလိုလားလားနဲ့ပူးပေါင်းခဲ့လို့၊ ဒါပေမဲ့ အခုကမတူဘူး ငါမင်းနဲ့ ပူးပေါင်းမှာမဟုတ်တော့ဘူး Hot Searchမှာ ငါတို့နာမည်ကြီး တွဲရက်ပေါ်လာတာ ဒါနောက်ဆုံးဖြစ်ပါစေ ဒီနေ့ကစပြီး ဒုတိယအကြိမ်ဆိုတာရှိလာရင် ငါတို့ဘက်ကလည်း လမ်းစဥ်အတိုင်းလုပ်ရလိမ့်မယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now