1 (Arc 1_အရိုးတိုက်စားပန်း)

10K 727 11
                                    

[Unicode & Zawgyi]

ရှန်ဖုန်းယွဲ့ တစ်ယောက် သူ့မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ ဆင်စွယ်ရောင် ‌ခြယ်ထားတဲ့ မျက်နှာကျက်ကို တွေ့လိုက်ရတယ်။ မျက်နှာကျက်မှာ ချိတ်ဆွဲထားတဲ့မီးအိမ်က အလင်း‌ရောင်ကြောင့် သူ့မျက်လုံးတွေ စူးခနဲ ဖြစ်သွားတာမလို့ သူ့လက်တွေနဲ့ အမြန်ကာလိုက်ရတယ်။

" System ရေ , အချက်အလက်တွေ ပေးပါဦး "

[ ကမ္ဘာဇာတ်ကြောင်း : လူမှုပတ်၀န်းကျင် အသိုင်းအဝိုင်းထဲမှာ လူသတ်မှု များစွာ ဖြစ်ပွားခဲ့တယ်။ လူသတ်သမားရဲ့ နည်းလမ်းတွေက အလွန်အမင်းကို ရက်စက်ပြီးတော့ သေဆုံးသူရဲ့ ရင်ဘတ်ပေါ်မှာ သူတို့ရဲ့အမှတ်အသားအဖြစ် နှင်းဆီပန်းလှလှတစ်ပွင့်ကို ထိုးစိုက်ထားခဲ့ကြတယ်။ မင်း အခု ကူးပြောင်း၀င်ရောက်လာတဲ့ ဇာတ်ကောင်ကတော့ လူပေါင်းများစွာဆီကနေ အားကျခံရတဲ့ ကျောင်းရဲ့ အကျော်ကြားဆုံး ကောင်လေး တစ်ယောက်ပဲဖြစ်တယ်။ တစ်နေ့ , သူက ကျောင်းကို လာတဲ့လမ်းက လမ်းကြားလေးထဲမှာ ရက်ရက်စက်စက်အသတ်ခံခဲ့ရပြီးတော့ မူလက အေးချမ်းတဲ့ တက္ကသိုလ်ကျောင်းသားဘ၀က ပျက်စီးသွားခဲ့ရတယ်။]

"???"

System : " ဘာဖြစ်လို့လဲ ?"

ရှန်ဖုန်းယွဲ့ က အံ့ဩနေခဲ့တယ် : " ဒါအကုန်ပဲလား ?"

System က ယုံကြည်ချက်အပြည့်ရှိတဲ့လေသံနဲ့ ပြောလိုက်တယ် , " ဟုတ်တယ်လေ , မင်းက ဘာတွေထပ်ပြီး လိုချင်သေးလို့လဲ?"

System ရဲ့ သဘောထားက ရှန်ဖုန်းယွဲ့ ကို တော်တော်လေး မကျေမနပ်ဖြစ်စေတယ် ။ ဒီသဘောထားက သူ့ကို ပေါ်တင်ကြီး ငြင်းလိုက်တာမလား။ ဒါပေမဲ့ သူတို့နှစ်ယောက်က ရေရှည်မှာ တစ်ယောက်ကိုတစ်ယောက် မှီခိုရမဲ့သူတွေဆိုတာကို ပြန်တွေးပြီး စိတ်ကိုရှည်ရှည်ထားပြီး‌တော့ System နဲ့ ထပ်ပြီး ဆွေးနွေးလိုက်တယ် ,
: " ငါက ဒီအချက်အလက် နည်းနည်းလေးနဲ့ ဘာတွေကို ဘယ်လို သွားပြီးသဘောပေါက်ရမှာလဲ?"

" မင်း မေးခဲ့ရင်တောင် ငါက မကူညီနိုင်ဘူး။ ငါက , မင်း ၀င်ရောက်ပိုင်ဆိုင်လိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ရှုထောင့်အမြင်ကနေပဲ ကမ္ဘာ့ဇာတ်ကြောင်းကို ယူပေးနိုင်တာ။ အဲ့တာကြောင့်မလို့ သူမသေခင်အထိ ကြုံတွေ့လိုက်ရတဲ့ အရာတွေအထိပဲရှိနေတာ" System က သူလုပ်ပေးနိုင်တာ ဘာမှ မရှိဘူးဆိုတာကို ပြလိုက်တယ်။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now