Ep-31(Uni/Zg)

64K 4.7K 1.1K
                                    

ကျောင်းသွားကြိုမယ်ဆိုပီး ထွက်သွားတဲ့ ကိုကိုကြောင့် သူပြောတဲ့တစုံတယောက်ဆိုတာ ဘယ်သူလဲဆိုတာ သိချင်လာတယ်....အိမ်ကအလုပ်သမားတွေကို နည်းနည်းပါပါးစကားအစ်မေးကြည့်တော့ ယောကျ်ားလေးတယောက်ဖြစ်တဲ့အပြင် ဒီအိမ်မှာအလုပ်လုပ်နေတဲ့ အိမ်ဖော်ရဲ့တူလေးတဲ့လား Switzerlandတခွင်ပတ်ပီး တယောက်ပီးတယောက်နဲ့တွဲခဲ့တဲ့လူက ဘာမဟုတ်တဲ့ကောင်လေးတယောက်ကြောင့် ခြေငြိမ်သွားတာတော့ ရယ်စရာပင်...

ခြံ၀န်းထဲ၀င်လာတဲ့ ဟန်နရီရဲ့ ကားသံကိုကြားလိုက်ရတာကြောင့် အမ်မလီက ဟန်မပျက်ပင် လက်ပိုက်ကာ အပေါ်ထပ်ကနေစောင့်ကြည့်နေသည် ...လွန်းတာနေဆန်းဆိုတဲ့ ကောင်လေးကိုလဲ စူးစမ်းဖို့အသင့်ပင်

ကားထဲကစထွက်ထဲက ဟိုကောင်လေးရဲ့အိတ်တွေ ထမင်းချိုင့်တွေကို ကိုကိုကသယ်ပေးနေတာကြောင့် ဒေါသထွက်မိတာတော့အမှန်ပင်...ယောကျ်ားလေးတယောက်ဆိုပေမဲ့ ဖြူဖွေးပီးအသားအရည်လှတဲ့အပြင် သေးကွေးတဲ့ခန္ဓာကိုယ်လေးကြောင့် ကိုကို့အမြင်မှာချစ်စရာကောင်းနေလားတော့မသိပေမဲ့ ကိုယ့်အမြင်မှာတော့ အမြင်ကပ်စရာထက်ပိုမတွေ့...

" အဲ့တာ ဘာလုပ်နေတာလဲ အမ်မလီ "

" လီလီ ဒီအခန်းမှာနေမလို့ ဒီထဲက ပစ္စည်းတွေကို အလုပ်သမားတွေကိုရွှေ့ခိုင်းနေတာလေ ကိုကိုနဲ့ဘေးချင်းကပ်အခန်းမှာနေချင်လို့ "

" ဒါ မင်းရဲ့အခန်းမဟုတ်ဘူး လွန်းရဲ့အခန်း "

" အောက်ထပ်မှာလဲ အခန်းလွတ်တွေအများကြီးရှိတာပဲလေ နောက်ပီး ဒီကိစ္စအတွက် အန်တီ့ဆီက ခွင့်ပြုချက်ရပီးသွားပီ ကိုကို "

" ငါအဲ့တာတွေစိတ်မ၀င်စားဘူး ငါ့အိမ်မှာလာပီး ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနဲ့ အမိန့်လာမပေးနဲ့ "

အပြန်အလှန်စကားများနေတဲ့ လူနှယောက်ကိုတော့ နားမလည်စွာနဲ့ လွန်းတယောက်ငေးကြည့်နေမိသည် သူကျောင်းကပြန်လာမှ အမ်မလီဆိုတဲ့အမျိုးသမီးကိုမြင်ဖူးတာကြောင့် ဟန်နရီနဲ့ဘယ်လိုပတ်သတ်လဲတော့သေချာမသိ...ဒါပေမဲ့ သေချာတာတခုကတော့ အရင်တခေါက်ကလို ဟန်နရီနဲ့လက်ထပ်ဖို့စီစဥ်ထားတဲ့မိန်းကလေးဆိုတာတော့ ကြည့်ရုံနဲ့သိနိုင်သည်

HANARY(S1+S2) Where stories live. Discover now