Unicode
ဖွေးရဲ့ လက်ကလေးတစ်ဖက်လှုပ်လာတာ
ကြောင့် ဘုန်းဘေဘီ ပန်းသီးခွဲနေတာကိုရပ်ပြီးကုတင်ဘေးနားမှာသွားထိုင်လိုက်တယ်။" သတိရလာပြီလား ဖွေး ။ သက်သာရဲ့လား "
မမြင်ချင်တဲ့ သူကို အရင်မြင်လိုက်ရတာမို့ နန်းမဟာဖွေး ဒေါသတွေက ပိုပြီး ထွက်လာသည်။
" ကုဋေ ဘယ်သွားတာလဲ ဘုန်းဘေဘီ ။ အာ့ "
" ဖြည်းဖြည်း ကျွန်တော် ထူပေးမယ် ဖွေး "
" မထိနဲ့ ငါ့အသား "
သူ့ကို ထူပေးဖို့ ကမ်းလာတဲ့ ဘုန်းဘေဘီလက်ကို ဖွေး ပုတ်ချကာ ကိုယ့်ဘာသာကိုယ် ထထိုင်လိုက်တယ် ။
" ဘာဖြစ်လို့လဲ ဟင် ဖွေး ဘာလို့ ဒေါသအဲ့လောက်ထွက်နေရတာလဲ "
သူလည်း ဘာမှ မလုပ်ဘဲနဲ့ ဖွေးက ဘာဖြစ်လို့ သူ့ကို ဒီလောက်တောင် ခါးခါးသီးသီး ဖြစ်နေမှန်းမသိ။
" ကုဋေ ဘယ်သွားလဲလို့ နင့်ကို မေးနေတယ် လေ နားလေးနေတာလား ပိုင်းလုံးကောင်ရဲ့ "
" နန်းမဟာဖွေး !!! စကားအပြောအဆို နည်းနည်း တော့ ဆင်ခြင်သင့်တယ် မထင်ဘူးလား "
ပိုင်းလုံး ကောင်ဆိုတဲ့ စကားကြောင့် ဘုန်းဘေဘီ ပြန်အော်ပြစ်လိုက်သည် ။ ကြာလာတော့လည်း ဘုန်းဘေဘီ တစ်ကယ်ကို စိတ်ပျက်လာပြီ ။
" ပိုင်းလုံး မဟုတ်လို့ ဘာလဲ ငါ့သတို့သားလောင်းကို နင်က မြူဆွယ်ပြီး အပိုင်ဖမ်းသွားတာလေ ဘုန်းဘေဘီ ။ နင်က အောက်တန်းစား ကောင်သာသာပဲ ပိုင်းလုံးကောင်ရဲ့ "
ဖွေး ပြောတာတွေ နားထောင်ပြီး ဘုန်းဘေဘီ စိတ်မဆိုးမိ ရယ်ပဲရယ်ချင်လာတယ် ။
ဒီကလေးမက လူတစ်ဖက်သားကို အနိုင်ယူဖို့ စကားလုံး ကြမ်းကြမ်းတွေလည်း ပြောတတ်တာပဲ ။
" ကျွန်တော်က ဖွေးကို အရွယ်ရောက်ပြီး ရင့်ကျက်ပြီထင်နေတာ ဖွေး က တစ်ကယ်တော့
မရင့်ကျက်သေးဘူးပဲ "အခွံနွှာလက်စ ပန်းသီး ကို ယူကာ ဘုန်းဘေဘီ ဆက်နွှာနေရင်းနဲ့ ပြောတော့ ဖွေးက သူ့လက်ကို လှမ်းဆွဲလာသည်။
