Chapter(335) - မျက်နှာသာမပေးဘူး

2.8K 655 8
                                    

Unicode

အခန်း(၃၃၅) - မျက်နှာသာမပေးဘူး

သို့သော် တုချီယင်းကတော့ ကျိုးပျက်ဓားတောင်ထွတ်မှာဆိုရင် တစ်ခြားအမျိုးသား ကျင့်ကြံသူများလိုမျိုး တိမ်မြှုပ်နေထိုင်တာမျိုး မလုပ်ပေ။ သူက လင်ယွီဖန်နဲ့ လင်ရွှမ်းဇီတို့ကြားက ဆက်ဆံရေးကြောင့် လင်ယွီဖန်ထံသို့ ချဉ်းကပ်ရန် အစပြုလုပ်ဆောင်ခြင်းသာ— လင်ရွှမ်းဇီက ဒီလင်မျိုးနွယ်စု အမကြီးကို အတော်လေး အရေးပေးသည်လေ။

လင်ယွီဖန်သည် တစ်စုံတစ်ယောက် သူ့လမ်းကြောင်းအား ပိတ်ဆို့ထားတာကိုမြင်တော့ တုချီယင်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

"စီနီယာအကိုကြီးတု, ကျွန်မရှင့်အတွက် ဘာလုပ်ပေးရမလဲ?"

"..." 

တုချီယင်းသည် လိမ္မာပါးနပ်လှစွာနဲ့ ငြင်းဆိုခြင်း ခံရတာကြောင့် အနည်းငယ် အနေခက်သလို ခံစားရသော်လည်း မျက်နှာမပျက်အောင် ကြိုးစားနေဆဲပင်။

"ငါဂိုဏ်းထဲက ထွက်လာတုန်း ဂိုဏ်းတူ ညီမလေးကို မြင်လိုက်လို့ လာနှုတ်ဆက်တာပါ"

လင်ယွီဖန်က ထိုလူနဲ့ လင်ရွှမ်းဇီကြားက ပဋိပက္ခများအကြောင်းကို သိထားသောကြောင့် သူ့ကို လုံးဝ မျက်နှာသာမပေးပေ။ သူက ခပ်ဆတ်ဆတ် ပြောလိုက်သည်။

"အခုနှုတ်ဆက်လို့ ပြီးပြီဆိုတော့ အရင်သွားခွင့်ပြုပါဦး"

တုချီယင်း, "..."

ထိုအချိန်မှာပဲ လင်ယွီရိုက ထုန်လဲ့နှင့်အတူ လျှောက်လာသည်။

သူတို့ကြားမှာတော့ လင်ယွီရိုက သူမရဲ့ လက်ထဲမှာ မှော်ရတနာများနဲ့ မှော်ဆေးလုံးများကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ လင်ယွီဖန်က သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုပစ္စည်းများက အလွန်ဈေးကြီးလှပြီး လောလောဆယ် လင်ယွီရိုရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ တတ်နိုင်မယ့် အရာများ သေချာပေါက် မဟုတ်ဘူးလေ။

လင်ယွီဖန်ကို မြင်သောအခါ လင်ယွီရိုရဲ့ အမူအယာက သိပ်မကောင်းတော့သော်လည်း သူမရဲ့ အပြုံးကို ဆက်လက်ထိန်းသိမ်းထားပြီး သူမလက်ထဲက  ပစ္စည်းများအား နောက်မှာဖွက်လိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now