အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

4.5K 791 106
                                    

ထိုစကားသံကြားလိုက်ရချိန်မှာ ရှဲ့ဟယ်ရဲ့ မျက်တောင်တွေလှုတ်ခတ်သွားသလို မျက်ဝန်းတွေလဲ ပြူးကျယ်သွားခဲ့ရတယ်။တဖြေးဖြေးချင်းတွားသွားပြီး အဝတ်တွေယူဝတ်လိုက်ပြီး နံရံကိုအားပြုပြီး မတ်တပ်ရပ်လိုက်ပေမယ့် ​ခြေထောက်တွေကတော့ တုန်ရီနေဆဲပါပဲ.....

သို့ပါသော်လည်း လီဟုန်ရွှမ်းက ကာကွယ်ဖေးဖလိုစိတ် စိုးစဉ်းမျှမပါဝင်တဲ့ အကြည့်တွေနဲ့ သူ့ကို အေးစက်စွာကြည့်နေတယ်။

"ဘာလဲ မသွားချင်ဘူးလား ??"

"မဟုတ်ပါဘူး....ငါ....ဒီတိုင်း...."

ရှဲ့ဟယ်ရဲ့အသက်တွေ အက်ကွဲနေပြီး အသားရောင်ကလဲ သွေးမရှိတော့သလို ဖြူဆုတ်နေတယ်။လည်ပင်းက အနီကွက်တွေက ကြောက်စရာကောင်းလောက်အောင် ထင်ရှားနေတယ်.....

ရှဲ့ဟယ် မျက်လုံးဝင့်ပြီး လီဟုန်ရွှမ်းကို ငေးကြည့်လိုက်တယ်.....

ထိုအကြည့်တစ်ချက်ကြောင့် လီဟုန်ရွှမ်းရဲ့ နှလုံးခုန်သံတွေမြန်ဆန်လာခဲ့ရတယ်.....

အမျက်ဒေါသ၊ ဝမ်းနည်းမှု၊ရွံရှာမုန်းတီးမှု...စတဲ့မှောင်မိုက်ဆိုးညစ်တဲ့ အကြည့်တွေနဲ့ ကြည့်လာမယ် ထင်နေပေမယ့်....အခုတော့...စုယန်ရဲ့အကြည့်တွေက ပကတိရှင်းသန့်စင်ကြယ်နေတယ်....ကြောက်ရွံမှုနဲ့ အားငယ်မှုတွေ အနည်းငယ်ပါဝင်နေပေမယ့် ထိုအကြည့်တွေထဲမှာ နာကျဉ်းမှုအရိပ်ယောင်တွေ ရှိမနေခဲ့ပေ.....

နုံချာလွန်းလှတဲ့ ဒီလူက မမျှော်လင့်ထားလောက်အောင် သူ့ရဲ့ ညှင်းပန်းမှုတွေကြောင့်လဲပြိုမသွားခဲ့ဘူးပဲ.....

ရှဲ့ဟယ်ကို ကြည့်ရတာ လီဟုန်ရွှမ်းကို ကြောက်နေပုံရတယ်.....မြန်မြန်အကြည့်လွှဲလိုက်ပြီး အခန်းတံခါးကို ကသောကမြောဖွင့်ပြီးထွက်သွားခဲ့တယ်။

​ခြေတစ်လှမ်း လှမ်းလိုက်တိုင်း စူးအောင့်လာတဲ့နာကျင်မှုရိပ်အယောင်တွေ မျက်နှာထက်မှာ ထင်ဟပ်လာတယ်....သတိလက်လွတ်နဲ့ ဒူးထောက်ထိုင်ချလိုက်မိတယ်....ဒါပေမယ့် ခေါင်းမာလွန်းလှတဲ့ ရှဲ့ဟယ်က အသံတစ်ချက်မှမထွက်ဘဲ ဖြည်းဖြည်းချင်းပြန်ရပ်လိုက်ပြီး တစ်လှန်းချင်းလှမ်းလျှောက်သွားခဲ့တယ်။

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now