အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

4.6K 787 34
                                    

စွန်းဇီယန်တစ်ယောက် လီဟုန်ရွှမ်းနဲ့ ရှဲ့ဟယ်တို့နမ်းနေတာကို ကြည့်ပြီးမျက်လုံးတွေပွတ်နေတယ်.....

ဒီရက်ပိုင်း ဂိမ်းဆော့တာအရမ်းများသွားလို့များလား???...မဟုတ်သေးဘူး.....ဂိမ်းတွေမရာယဆော့လို့ အိပ်ရေးတွေပျက်ပြီး ထင်ယောင်ထင်မှားတွေဖြစ်နေတာ ထင်တယ်.....မြတ်နိုးမှုအပြည့်နဲ့နမ်းနေတာ လီဟုန်ရွှမ်းတဲ့!!!!!

စွန်းဇီယန် အတော်တုန်လှုပ်နေပြီ.....လီဟုန်ရွှမ်းက သူ့ကိုလိုက်နေတဲ့သူတွေကို ဘယ်တုန်းကမှအဖက်မလုပ်တဲ့အပြင် တခြားသူတွေ သူ့ရှေ့မှာ ကျိုး ကျိုး ကန်းကန်း အရေးစိုက်ဘဲ တသီးတခြားနေတတ်တယ်။ဆရာစုကိုတော့ တကယ်လေးစားသွားပြီ......

အံ့သြစရာကောင်းချက်ပဲ....ယုန်ဖြူလေးနဲ့တူတဲ့ ဒီဆရာကို လျှော့တွက်မိခဲ့တာပဲ....ပယ်လန်နဲ့ လီဟုန်ရွှမ်းတို့တောင် ပြိုင်လုနေကျရတဲ့ ဆရာ့ကို အခုမှပဲသေချာကြည့်မိတော့တယ်....တကယ်ချောတယ်ဟ!!!ကျစ်....ဆရာက ထင်သလောက်မရိုးရှင်းဘူးပဲ.....

[တင်းတောင် စွန်းဇီယန်ရဲ့ နှစ်သက်မှု 20 တိုးသွားပါတယ်....စုစုပေါင်း 60 ပါ...]

စွန်းဇီယန် စိတ်ထဲမှာ ငိုကြွေးနေမိတယ်..သို့ပေမယ့် သူ့အနေအထား ကိုတော့မမေ့ထားခဲ့ပေ.....

တစ်ယောက်ယောက်လာနေသံကြားတာကြောင့် နှစ်ခါလောက်ချောင်းဟန့်ပြီးသတိပေးလိုက်တယ်....

လီဟုန်ရွှမ်း အခုမှပဲ သတိကပ်တော့တယ်....ရှဲ့ဟယ်ကို လွှတ်ပေးလိုက်ချိန်မှာ မထုံတက်တေးအမူအရာပြန်ဖြစ်သွားပြန်တယ်....

ရှဲ့ဟယ် သူ့ကို ထိတ်လန့်တုန်လှုပ်မှုအပြည့်နဲ့ကြည့်နေပေမယ့် လီဟုန်ရွှမ်း တစ်ယောက် ဘာတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွားတယ်။

ရှဲ့ဟယ် တောင့်တောင့်ကြီးမတ်တပ်ရပ်နေမိတယ်..အစကနေအဆုံးထိ ဘာမှန်းကို မသိလိုက်ဘူး....သတိပြန်ကပ်မိချိန်မှာအရာရာပြီးဆုံးနေခဲ့ပြီ....နီရဲနေတဲ့ မျက်နှာသာလျှင်သက်သေအဖြစ်ကျန်ရစ်ခဲ့တယ်.....

[444: အခုဘာဆက်လုပ်ကြမလဲ???သူ့နားထပ်ကပ်ဖို့ အကြောင်းပြချက်မရှိတော့ဘူး..ပြီးတော့ နှစ်သက်မှုက အနှတ်ပြနေတုန်းပဲနော်....]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now