Announcement

6.9K 340 15
                                    


AN -- မေန႔က အပိုင္းမွာ ေျပာစရာေလး က်န္ခဲ့လို႔ပါ ။တင္ခ်င္ေဇာမ်ားေနတာနဲ႔ ေမ့သြားတာ.. ၿပီးခဲ့တဲ့ အပိုင္းေတြက 'ဆင္ဒီကိတ္' ဆိုတာ တကယ့္မူးယစ္ဂိုဏ္းေတြမွာ တကယ္ဖြဲ႕စည္းထားတဲ့နာမည္အစစ္ပါ ။ သူက ႏိုင္ငံတကာက ဂိုဏ္း၅ခုနဲ့ ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းပါ ။ ေခါင္းေဆာင္ ၉ ေယာက္နီးပါးေလာက္ ရိွပါတယ္ ။ နာမည္အစစ္ကို သံုးခဲ့တာက တာခ်ီလိတ္တို႔ ျမ၀တီတို႔ ကို ေရးတဲ့အခါ ဒီတိုင္းပဲေရးခဲ့ေတာ့ ဆင္ဒီကိတ္ ကို လည္း နာမည္အစစ္တိုင္း ေရးလိုက္တာပါ ။ သေဘာမက်႐င္ ျပန္ျပင္ေပးပါ့မယ္ ။

ေနာက္တခုက ခက္ထန္ ေျပာသြားတဲ့ စကားပါ ။
က်မ္းက်ိန္ပြဲ ဆိုတာေလ ။

" ေခါင္းေဆာင္သည္ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္အတြက္ အရာရာကို စြန္႔လွြတ္ပါမည္ ။
ငါတို႔၏ ရာဇဝတ္ဂိုဏ္းအား ျမင့္ျမတ္သည့္အဖြဲ႔အစည္းတစ္ခုအျဖစ္ သိၾကပါေစ။ ငါတို႔သည္ လေရာင္ႏွင့္ၾကယ္အလင္းေရာင္ေအာက္တြင္ ျမင့္ျမတ္သည့္ကြင္းဆက္ကို ဖြဲ႔စည္းခဲ့သည္ ။ ငါတို႔သည္ ဂိုဏ္း၏ က်င့္ဝတ္စည္းကမ္းကို ေသြဖယ္လွ်င္ အဖြဲ႔သားမ်ားအေနျဖင့္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသပါမည္... ။ ဒါေတြက က်မ္းက်ိန္ပြဲမွာ ရြတ္လို႔ေကာင္းလို႔ ေရရြတ္ခဲ့တဲ့ သီခ်င္းစာသားေတြမွ မဟုတ္ဘဲ... ဦး စိုင္း ထန္!"

လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေက်ာ္ေလာက္တုန္းက ေထာက္လွမ္းေရးတစ္ေယာက္က မူးယစ္ရာဇာဂိုဏ္းတစ္ခုကို သူလွ်ဳိအျဖစ္ ၀င္ခဲ့ခ်ိန္တုန္းက မာဖီးယားေတြရဲ႕ က်မ္းက်ိန္ပြဲ ကို  video  ခိုး႐ိုက္ထားလိုက္တယ္ ။ အဲ့ ထဲမွာ သူတို႔ဆိုတဲ့ သစၥာဆိုတဲ့စကား တခ်ဳိ႕ကို ရွာလို႔ရသေလာက္ေလး ျပန္ေရးထားတာပါ ။ အျပင္မွာလည္း မာဖီးယားေတြက အဲ့လို ဆိုၾကၿပီး က်မ္းက်ိန္ပြဲ လုပ္ၾကတယ္လို႔ ရွာေတြ႕ထားပါတယ္ ။

မာဖီးယားကို အေျခခံေတာ့ တတ္ႏိုင္သေလာက္ေလး ျပင္ပေလာက, က မာဖီးယားေတြနဲ႔ နီးစပ္မႈ ရိွရင္ ပိုေကာင္းမလားလို႔ ေတြးမိလို႔ ဒါေတြ ထည့္ေရးထားတာပါ ။

အဆင္မေျပရင္ လာေျပာေပးၾကပါ ေနာ္ 💖💖

အဆင္ေျပတယ္ဆိုရင္ ေနာက္တပိုင္း ဆက္သြားမယ္ေနာ္

AN -- မနေ့က အပိုင်းမှာ ပြောစရာလေး ကျန်ခဲ့လို့ပါ ။တင်ချင်ဇောများနေတာနဲ့ မေ့သွားတာ.. ပြီးခဲ့တဲ့ အပိုင်းတွေက 'ဆင်ဒီကိတ်' ဆိုတာ တကယ့်မူးယစ်ဂိုဏ်းတွေမှာ တကယ်ဖွဲ့စည်းထားတဲ့နာမည်အစစ်ပါ ။ သူက နိုင်ငံတကာက ဂိုဏ်း၅ခုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ ။ ခေါင်းဆောင် ၉ ယောက်နီးပါးလောက် ရှိပါတယ် ။ နာမည်အစစ်ကို သုံးခဲ့တာက တာချီလိတ်တို့ မြဝတီတို့ ကို ရေးတဲ့အခါ ဒီတိုင်းပဲရေးခဲ့တော့ ဆင်ဒီကိတ် ကို လည်း နာမည်အစစ်တိုင်း ရေးလိုက်တာပါ ။ သဘောမကျရင် ပြန်ပြင်ပေးပါ့မယ် ။

နောက်တခုက ခက်ထန် ပြောသွားတဲ့ စကားပါ ။
ကျမ်းကျိန်ပွဲ ဆိုတာလေ ။

" ခေါင်းဆောင်သည် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်အတွက် အရာရာကို စွန့်လှွတ်ပါမည် ။
ငါတို့၏ ရာဇဝတ်ဂိုဏ်းအား မြင့်မြတ်သည့်အဖွဲ့အစည်းတစ်ခုအဖြစ် သိကြပါစေ။ ငါတို့သည် လရောင်နှင့်ကြယ်အလင်းရောင်အောက်တွင် မြင့်မြတ်သည့်ကွင်းဆက်ကို ဖွဲ့စည်းခဲ့သည် ။ ငါတို့သည် ဂိုဏ်း၏ ကျင့်ဝတ်စည်းကမ်းကို သွေဖယ်လျှင် အဖွဲ့သားများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေပါမည်... ။ ဒါတွေက ကျမ်းကျိန်ပွဲမှာ ရွတ်လို့ကောင်းလို့ ရေရွတ်ခဲ့တဲ့ သီချင်းစာသားတွေမှ မဟုတ်ဘဲ... ဦး စိုင်း ထန်!"

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက ထောက်လှမ်းရေးတစ်ယောက်က မူးယစ်ရာဇာဂိုဏ်းတစ်ခုကို သူလျှိုအဖြစ် ဝင်ခဲ့ချိန်တုန်းက မာဖီးယားတွေရဲ့ ကျမ်းကျိန်ပွဲ ကို  video  ခိုးရိုက်ထားလိုက်တယ် ။ အဲ့ ထဲမှာ သူတို့ဆိုတဲ့ သစ္စာဆိုတဲ့စကား တချို့ကို ရှာလို့ရသလောက်လေး ပြန်ရေးထားတာပါ ။ အပြင်မှာလည်း မာဖီးယားတွေက အဲ့လို ဆိုကြပြီး ကျမ်းကျိန်ပွဲ လုပ်ကြတယ်လို့ ရှာတွေ့ထားပါတယ် ။

မာဖီးယားကို အခြေခံတော့ တတ်နိုင်သလောက်လေး ပြင်ပလောက, က မာဖီးယားတွေနဲ့ နီးစပ်မှု ရှိရင် ပိုကောင်းမလားလို့ တွေးမိလို့ ဒါတွေ ထည့်ရေးထားတာပါ ။

အဆင်မပြေရင် လာပြောပေးကြပါ နော် 💖💖

အဆင်ပြေတယ်ဆိုရင် နောက်တပိုင်း ဆက်သွားမယ်နော်

You are my husband (Season 1)Completed  Where stories live. Discover now