၈၆

13.6K 2K 355
                                    

Unicode

ဆဋ္ဌမ လမ်းကြောင်း

"ကျွန်တော် လုံးဝ လက်မခံနိုင်ဘူး!"

၎င်းစကားတစ်ခွန်းမှာ စစ်တပ်ဌာနချုပ်၏ ရုံးခန်းတစ်ခန်းဆီမှ ရုတ်တရက် ထွက်ပေါ်လာရသော အော်ဟစ်သံ တစ်ခုဖြစ်၏။ ထိုကဲ့သို့ အော်ဟစ်လိုက်သည့် လူသည်ကား ခန့်ညားချောမောသော လူငယ်တစ်ဦး ဖြစ်သည့်တိုင် သူ၏မျက်နှာအသွင်အပြင်များမှာ စိတ်မကြည်စရာ ကိစ္စတစ်ခုကြောင့် တစ်နည်းတစ်ဖုံအားဖြင့် ကြောက်ရွံ့အကျည်းတန်စရာ ကောင်းနေပြန်သေးသည်။ ထိုလူငယ်၏မျက်ဝန်းများက သွေးရောင်များဖြင့် ဖုံးလွှမ်းနေကာ နှုတ်ခမ်းလွှာများကမူ ရေဓာတ်ပြတ်လပ်မှုကြောင့် အနည်းငယ် ဖြူဖတ်ဖတ်။ ထို့အပြင် ဝတ်ဆင်ထားသည့် တန်ဖိုးကြီး အနောက်တိုင်းဝတ်စုံမှာလည်း အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားခြင်း၏ ကျေးဇူးကြောင့် တွန့်ကြေစပြုနေပြီပင်။

ရန်းရိသည် မိမိ၏အရှေ့မှ ညီဖြစ်သူအား တည်ငြိမ်သောမျက်နှာထားဖြင့် ကြည့်လိုက်ကာ စကားဆိုလာသည်။

"ကားဝင်ပေါက်က စောင့်ကြည့်ကင်မရာမှာ သူတို့ ချန်းသားအဖသုံးယောက်စလုံး ကားထဲဝင်သွားတယ်လို့ အတိအကျ ပြထားပြီးပြီ။ နောက်ပြီး ကျန်တဲ့ခရီးသည်တွေကလည်း သူတို့လိုက်ပါကြောင်းကို အတည်ပြုခဲ့ပြီးသား။ ဒါ့အပြင် ငါတို့စစ်တပ်က စစ်သားတွေကလည်း လမ်းတစ်လျှောက်လုံး တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာလေ။ ကားပေါ်မှာ အခန့်မသင့်လို့ အသတ်ခံလိုက်ရတာမျိုးတွေ၊ folding space ထဲဝင်နေတုန်းမှာ ခြေရာပျောက်သွားတာမျိုးတွေ ရှိတာပဲ။ အခု ချန်းသားအဖသုံးယောက်စလုံးကို ကားပေါ်မှာ လုံးဝရှာမတွေ့ခဲ့ဘူး။ အဲ့ဒီအတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေက folding space ထဲဝင်နေတုန်းမှာ သူတို့အပြင်ထွက်သွားမိလို့ပဲပေါ့။ ဒါကြောင့် ဘာသဲလွန်စမှ မကျန်ခဲ့တာပဲလေ"

ရန်းချီ၏နှုတ်ခမ်းလွှာများက တဆတ်ဆတ် တုန်ရီလာရကာ မျက်ဝန်းနှစ်ခုလုံးမှာလည်း စိုးထိတ်မှုကြောင့် အနည်းငယ် ပြူးကျယ်နေရလေပြီ။ ထို့နောက် သူက လက်သင့်မခံနိုင်ဟန်ဖြင့် ထုံးစံအတိုင်း ကျယ်လောင်စွာ အော်ပြောလေတော့၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now