Chapter (15-4)_ မင်းရှိတဲ့နေရာတိုင်းက ကိုယ့်အိမ်ပဲ.....

3.4K 544 2
                                    

Chapter (15-4)_ မင်းရှိတဲ့နေရာတိုင်းက ကိုယ့်အိမ်ပဲ.....



အကယ်၍ လူတစ်ဦးသည် နှစ်ပေါင်းများစွာ မဖျားနာခဲ့ပဲ တစ်ချိန်မှာ အအေးမိဖျားနာခဲ့မယ်ဆိုရင် တကယ့်ကို စိုးရိမ်ဖွယ်ကောင်းမည်ဖြစ်သော်လည်း ကျိုးယွင်ရှန့် သည် အဖျားလေးဆယ်ဒီဂရီအထိ လွန်သွားသော်လည်း အသက်ရှင်လျက် ဆေးရုံသို့ ခေါ်ဆောင်သွားခံခဲ့ရသည်။ ဒါက တကယ့်ကို ကံသီလို့ ကယ်တင်နိုင်တဲ့ပုံပဲ။ ဒီအဖြစ်က မယုံနိုင်ချင်စရာကောင်းနေတယ်။

ရွှယ်ဇီရွမ် လန်ဒန်ကို တတ်နိုင်သမျှ မြန်မြန်ရောက်လာခဲ့ပေမယ့် အချိန် ကိုးနာရီကျော်ကျော်လောက်ကြာခဲ့တယ်။ သူရောက်လာတော့ ဆယ်ကျော်သက်လေးဟာ အိပ်ပျော်နေတုန်းပဲ။ သူ့ ပါးပြင်တွေက ပုံမှန်မဟုတ်တဲ့ နီမြန်းနေပြီး မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းတွေ ခြောက်သွေ့ကွဲအက်နေသည်။

"ဘော့စ်......" ဆေးရုံကုတင်ဘေးမှာ ထိုင်နေတဲ့ ဗင်းဆင့်က မတ်တပ်ထရပ်လိုက်တယ်။

"ရှုး...တိုးတိုး... သူ့ကို မနှောင့်ယှက်နဲ့၊ အပြင်ထွက်ပြီး စကားပြောရအောင်ပါ။"

ရွှယ်ဇီရွမ် က သူ့အသံကို လျှော့လိုက်သည်။

နှစ်ယောက်သား စင်္ကြံထဲသို့ဝင်ကာ တိုးတိုးလေးပြောနေကြသည်။

"ဆရာဝန်က ဘာပြောလိုက်တာလဲ။"

"အအေးမိပြီး အဖျားရှိတယ်တဲ့။ ကျွန်တော် ရေဝတ်အုပ်ပေးထားတယ်။"

"ကောင်းပြီ မနေ့ညက မင်းအတွက် အရမ်း ခက်ခဲခဲ့တယ်။ ကျေးဇူးပါပဲ"

ရွှယ်ဇီရွမ် သည် ဖြစ်နိုင်သမျှအမြန်ဆုံးရောက်ရှိလာသည့်အတွက် ဗင်းဆင့်ရဲ့လုပ်ရပ်ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လိုက်သည်။

"မဟုတ်ဘူး၊ ငါ့ငွေပေးချေဖို့ မမေ့နဲ့။"

ဗင်းဆင့်သည် ရွှယ်ဇီရွမ် ၏ ပုခုံးကို အသာထိုး၍ သူ့ဘာသာသူ ထွက်သွားခဲ့သည်။

ရွှယ်ဇီရွမ် က လူနာခန်းထဲ ပြန်ဝင်လာပြီး သတိလစ်ကာ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော ဆယ်ကျော်သက်လေးကို စေ့စေ့ကြည့်နေသည်။ သူသည် အသက် ဆယ့်ကိုးနှစ်ရှိနေပြီ၊ အရပ်ပိုရှည်သော်လည်း သူ့ခန္ဓာကိုယ်က ပိန်လှီဆဲဖြစ်ပြီး တစ်စုံတစ်ခုပြောနေသကဲ့သို့ နှုတ်ခမ်းများက လှုပ်နေသည်။

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now