Chapter (15-5)_ နှစ်ဘဝတိုင်တိုင် စောင့်ခဲ့ရတယ်.....

6.7K 668 82
                                    

Chapter (15-5)_ နှစ်ဘဝတိုင်တိုင် စောင့်ခဲ့ရတယ်.....



အိမ်တော်ထိန်းက မှန်တံခါးကို ခေါက်လိုက်သောကြောင့် ကျိုးယွင်ရှန့် သည် သူ့ခေါင်းကို လှည့်ကာ ကြည့်လိုက်သည်။

"မမလေးရွှယ် ...အိမ်ရှေ့ကို ပြန်ရောက်နေပြန်ပြီ၊ သူမက အရမ်းကို နေမကောင်းတဲ့ပုံပေါက်လို့ ကျွန်တော်တို့ သူမကို မထိရဲကြဘူး"

"ရွှယ်ကျင်းရီလား?"

ကျိုးယွင်ရှန့်သည် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ အကျဉ်းချခြင်းဒဏ်ကို ခံစားခဲ့ရပြီး သူမ၏ နာမည်သတင်းက လုံးဝ ပျက်သွားပြီးနောက် ရွှယ်ကျင်းရီ ၏ နုနယ်သောနှလုံးသားလေးသည် လုံးဝကွဲကြေကာ သေဆုံးသွားမည်ထင်ခဲ့ပေမယ့် မှားသွားတဲ့ပုံပဲ။

"ကောင်းပြီလေ...သူမက လတိုင်း နှစ်တိုင်း မလာနိုင်ပါဘူး"

ရွှယ်ဇီရွမ်၏ မျက်နှာပေါ်မှ နူးညံ့သိမ်မွေ့သော အပြုံးသည် လွှင့်ပျယ်သွားကာ ပြောလိုက်သည်။

သူသည် တရားရုံးကို တရားစွဲခဲ့ပြီး ရွှယ်ကျုင်းရီနှင့် မောင်နှမ ဆက်ဆံရေးကို ဖျက်သိမ်းခဲ့ပြီး ရွှယ် မိသားစုနှင့် မသက်ဆိုင်တော့ကြောင်းကြေငြာခဲ့သည်။ ရွှယ်လွေ့နှင့် ရွှယ်လီဒန်နီသည် ထောင်ဒဏ် ခုနစ်နှစ်နှင့် ငါးနှစ်စီ ချမှတ်ခံရကာ ရွှယ်ကျင်းရီလည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ အဓိကပြစ်မှုကျူးလွန်သူ ဖြစ်သည့် ရွှယ်ကျင်းရီက ထောင်ဒဏ် ဆယ့်ငါးနှစ် ချခံရပေမယ့် သူမ၏ ကျန်းမာရေးအခြေအနေကြောင့် ဆေးဘက်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခွင့်ရရှိခဲ့သည်။

ဒါပေမယ့် သူ့မှာ မိသားစုမရှိ၊ စုဆောင်းငွေမရှိ၊ ဆေးကုသခွင့်က ထောင်ထဲကလောက်မသက်သာဘူး။ အနည်းဆုံးတော့ ထောင်ထဲမှာ စားစရာရှိ၊ နေစရာရှိပေမယ့် အပြင်မှာ လေဟာပြင်မှာ အိပ်လို့ မလုံခြုံဘူး၊ ပိုက်ဆံလည်း မရှိဘူး၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့အတွက် အလုပ်မရှာနိုင်ဘေူး။ သူမက လွတ်လာပေမယ့် သူမကို စောင့်ကြပ်တဲ့ ထောင်စောင့်ဆီကို ပုံမှန်သွားလည်ခဲ့တယ်။ ထောင်စောင့်က သူမ တကယ်ဆင်းရဲနေတာတွေ့တော့ လစဉ် ဒေါ်လာ ရာဂဏန်းလောက် ကူညီပေးဖို့ စီစဉ်ပေးခဲ့တယ်။

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now