1 : Becoming Consort Wang

1.5K 125 16
                                    

A/N: ပထမဦးဆုံး နန်းတွင်းficသာမက ရှေ့ခေတ်ပုံစံလည်းဖြစ်တာကြောင့် အမှားများပါခဲ့ရင် ဦးစွာ တောင်းပန်ပါတယ်။
***********
ဝမ်...
ကိုယ်တော့်ရဲ့ဝမ်...
အခုများဖြင့် ဘယ်ဆီများ ရောက်၍နေမလဲကွယ်။
လွမ်းဆွတ်တမ်းတရပါတယ် ဝမ်။
ဝမ်ပြန်ရောက်လာရင်ဝတ်ဆင်ဖို့အတွက် ဝမ်နှစ်သက်တဲ့ အဖြူရောင်ဖဲသားဝတ်ရုံလေး ပြင်ဆင်လို့ထားပါတယ်။
ဝမ်ရယ် ဝမ်ပြန်မလာရင်တော့ဖြင့် အရာအားလုံးစွန့်လွှတ်ပြီး ကိုယ်တော် ဝမ့်နောက်လိုက်ခဲ့ပါမယ်။
**********
ရှန်တိုင်းပြည်...
ရှန်တိုင်းပြည်သည် သာယာဝပြောလှသည်။
ရေခဲအကာအကွယ်ဖြင့် ရှန်တိုင်းပြည်ဟာ နာမည်ကြီးသည်။ ထိုရေခဲအကာအကွယ်အား ချိုးဖောက်ရန် အလွန်ပင် ခက်ခဲလှပေသည်။ ထိုရေခဲအကာအကွယ်အား စွမ်းအင်ဖြည့်စည်းပေးနေသူမှာ ရှန်တိုင်းပြည်၏ မိဖုရားခေါင်ကြီးပင်ဖြစ်သည်။
ရှန်တိုင်းပြည်၏ ဘုရင်မင်းမြတ်နှင့်မိဖုရားခေါင်ကြီးတို့သည် Seanဟုအမည်ရှိသော မီးဓါတ်ပိုင်ဆိုင်သည့် သားတော်လေးတစ်ပါး ဖွားမြင်ခဲ့လေသည်။

ဖခမည်းတော်၏ နာမကျန်းမှုကြောင့် အိမ်ရှေ့မင်းသားSeanသည် သက်တော်တစ်ဆယ့်ခြောက်နှစ်တွင် နန်းတက်ခဲ့သည်။ နန်းတက်မင်းကြီးတစ်ပါးသည် မိဖုရားမရှိ၍ မသင့်တော်ပေ။ သို့တော် နန်းတက်မိဖုရားသည်လည်း မိဖုရားခေါင်ကြီးကဲ့သို့ တိုင်းပြည်အား မိမိကိုယ်ကိုယ်အနစ်နာခံကာ မိခင်သဖွယ် ကာကွယ်နိုင်ရမည်ဖြစ်သလို အထူးသဖြင့် နှင်း(ရေခဲ)ဓါတ်လိုအပ်သည်။

'စစ်သေနာပတိချူပ်ကြီးဝမ်နဲ့ ကိုယ်ရံတော်ခေါင်းဆောင်ဝမ်တို့ကို မိဖုရားခေါင်ကြီးဆီမှ ဆင့်ခေါ်စာရောက်ရှိလာပါတယ်'

တပ်သားလေးတစ်ယောက်၏ လျှောက်တင်ချက်ကြောင့် သားတော်ဝမ်ရိပေါ်ကို ဆင့်ခေါ်ကာ စစ်သေနာပတိချုပ်ကြီးဟာ မိဖုရားခေါင်ဆီသို့ ဦးတည်လိုက်သည်။

မိဖုရားခေါင်ကြီး၏ နန်းဆောင်ရှေ့သို့ရောက်သောအခါ သူ့အားစောင့်နေသော သားတော်လေးကို တွေ့လိုက်ရသည်။

'ရောက်နေပြီလား ကိုယ်ရံတော်ခေါင်းဆောင်ဝမ်'

'ဟုတ်ကဲ့။ အရှင့်ကိုလည်း ဆင့်ခေါ်ထားတာမို့ ရောက်လာတာ မြန်သွားပါတယ်။ ကျွန်တော်က အဖေနဲ့အတူဝင်သင့်တယ်ထင်လို့ မဝင်သေးပဲ စောင့်နေတာပါ'

Consort WangWhere stories live. Discover now