Chapter...59

12.2K 611 109
                                    

သစ်ရွက်ကြွေတွေပြန့်ကျဲနေတဲ့ ရွက်ဝါတွေ
လူးလွင့်ကာ လေပူတွေတချက်တချက်တိုက်
ခတ်တတ်တဲ့ နွေလလယ်က ကုန်ဆုံးတော့မဲ့
အချိန်ရောက်လုနီးပြီ။

လေအလာမှာ လှုပ်ရွကာ  အကမယ်လေးတွေ
လို ယိမ်းနွဲ့နေကြတဲ့ နီဆီရဲရဲတွေက မျက်စီတ
ဆုံးလှပနေလေသည်။ လေပြေဆောင်သွေး
လို့ ပန်းရနံ့တွေက လေအလာမှာ သင်းပျံမွှေး
ကြိုင်နေလေသည်။

နွေလရဲ့အလှကြောင့် နှင်းဆီပန်းခင်းကြီးရဲ့အ
လယ်က ရွက်ဝါရောင်သစ်ပင်ကြီးဆီက လေ
အလာမှာ သစ်ရွက်ကြွေတွေ တဖြုတ်ဖြုတ်
ကြွေနေတာကို ခတ်ငေးကြည့်ရင်း လွမ်းဆွေး
မူဆိုသည့်အရာကို အပြည့်အဝရှုရှိုက်လိုက်
လေသည်။

"ကိုကို"

"အသက်....ညီညီ"

ဗိုက်ပူလေးနဲ့သူ့ကိုတွေ့တွေ့ချင်း ပြေးလာတဲ့
အသက်က သူကိုဘယ်လောက်သတိရလွမ်း
ဆွတ်နေမှန်းသိနိင်လေသည်။

"ကိုကိုပြောတော့ အသက်ကိုလာတွေ့မယ်ဆို
ဘာလို့အခုမှလာတာလဲဟင် အီးဟီး"

"မငိုပါနဲ့အသက်ရယ် ကိုကိုအလုပ်တွေမအား
လို့ပါ"

"ကိုကိုလာမယ်ဆိုလို့ အသက်နေ့တိုင်းမျှော်
နေတာသိလား ကိုကိုရောက်လာတာအသက်
ပျော်လိုက်တာ အသက်တို့မခွဲရတော့ဘူးပေါ့
နော်"

"ကိုကိုတို့အတူနေလို့မရဘူးအသက် ကိုကို
လာနေရင်အသက်ရဲ့ဦးက ကိုကို့ကိုပိုသဘော
ကျသွားမှာပေါ့  ကြည့်ပါဦး ကို့ကိုညီလေးက
ခွေးပေါက်လေးလား ငိုထားတာနှာချေးတွေ
ပေတူးနေတာဘဲ"

"အဲ့တော့ ကိုကိုကမချစ်ဘူးလားအသက်ကို"

"ချစ်တာပေါ့ ကိုကို့ညီလေးကိုအရမ်းချစ်တာ
ညီညီအတွက် ကိုကိုစွန့်လွှတ်ပေးခဲ့သည်အထိ
ချစ်တာ"

"ဟီး ကိုကိုဗိုက်ကပူနေတယ် အသက်လိုလုံး
လုံးလေးရှိနေလို့လားဟင်"

"ဟုတ်တာပေါ့ အသက်လိုလုံးလုံးလေးရှိနေ
တာ "

"ဒါပေမဲ့ အသက်ကပိုဗိုက်ပူတာ ဒီမှာကြည့်"

ကလေးလေးလို သူဗိုက်ကလေးလှန်ပြပြီးသူ
ပိုပူနေတာဟု နိူင်းပြနေသည့်အသက်ကို ခတ်
ကြည့်ပြီး ပြုံးမယောင်လေးဖြစ်သွားလေ
သည်။

ကကြိုးရုပ်[ Complete ]Where stories live. Discover now