Chapter- 90

7.7K 1.4K 69
                                    

အဆောင်တွင်တော့ :

သယ်လာတဲ့စာရွက်တွေကို ရင်းချဲယ် ဘာသာရပ်အလိုက် စီထားပြီး ကျန်တာတွေထပ်သယ်ဖို့ရာ စာသင်ခန်းဆီပြန်သွားဖို့ ပြင်လိုက်တယ်။ ဒါနဲ့ အခန်းထဲက ထွက်တော့ ချောင်၀မ့်ယွင်နဲ့ တည့်တည့်ဆုံတယ်။

‘‘မားက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ?”

‘‘မသိသလို လာပြောနေတယ်ပေါ့လေ ဟမ်? ခုနောက်ပိုင်း မင်း ဆိုးနေလို့ မင်းဝူလောင်ရှီးက လှမ်းတိုင်လိုက်တာ”
ချောင်၀မ့်ယွင်က ပိုက်ဆံအိတ်ကိုချကာ ခုံတစ်ခုံဆွဲလို့ ၀င်ထိုင်တယ်။
‘‘နှစ်၀က်စာမေးပွဲက စတော့မှာမလို့ ရည်းစားထားတဲ့အကြောင်းတွေးနေမယ့်အစား စာမှာပဲအာရုံ‌စိုက်ဖို့ မင်းကို ဖြောင်းဖျပေးပါတဲ့ သူကပြောတယ်”

ရင်းချဲယ်လည်း သူမဘေးမှာ ၀င်ထိုင်လိုက်ပြီး
‘‘အဲ့လို မဟုတ်ပါဘူး၊ အဆင့်ထွက်လာမှ ကြည့်လိုက် ကျွန်တော် တကယ် စာသေချာလုပ်ပါတယ်ဆို”

ချောင်၀မ့်ယွင်က ပြုံးတယ်။
‘‘မာမား ယုံပါတယ်၊ သားကအမြဲ ချင့်ချိန်ပြီးမှ လုပ်တတ်တာကို၊ ဒါပေမယ့် အခုတော့ မားတကယ် သိချင်လှတယ် တစ်ကျောင်းလုံးရှေ့မှာတောင် ထွက်ပြီးချစ်ရေးဆိုရတဲ့အထိ မင်းရဲ့ထိုင်ခုံဖော်က ဘယ်လောက်များဆွဲဆောင်‌မှုတွေ ကြီးမားနေလို့လဲဆိုတာ” 

‘‘.......”

လောင်ဝူက ဒါတွေလည်း ပြောလိုက်တာပဲလား

‘‘.....အဲ့ဒါက အကြောင်းအမျိုးမျိုးကြောင့်ပါ၊ အဲ့အကြောင်းမပြောနဲ့တော့လေ၊ မား ကျောင်းကိုရောက်ခဲ့သေးလား? သူ့ကိုတွေ့ခဲ့လား?”

‘‘ဟင့်အင်း လမ်းမှာ သားသူငယ်ချင်းတစ်ယောက်နဲ့တော့ တွေ့ခဲ့သေးတယ် သားအဆောင်မှာဆိုတာ သူပဲပြောပြတာ”
ချောင်၀မ့်ယွင်က လူငယ်လေးအကြောင်း ပြန်တွေးမိပြီး နောင်တတွေတပုံတပင်နဲ့ ပြောတယ်။
‘‘ရှောင်ချဲယ်ရယ် လူတိုင်းမှာ ကိုယ့်အကြိုက်နဲ့ကိုယ်, တန်ဖိုးကိုယ်စီရှိတယ်ဆိုပေမယ့်လည်းကွယ်၊ သားအတန်းထဲမှာလည်း ရုပ်ချောတဲ့သူငယ်ချင်းရှိတာပဲ သားသူ့ကို တစ်ခါမှ နည်းနည်းလေးတောင်မှ ရင်မခုန်ဖူးဘူးလား? ဒါမှမဟုတ် အဲ့ဒီကောင်လေးက လိုက်ရမလွယ်လို့ သား အစကတည်းက လက်လျှော့လိုက်တာလား? အဲ့လိုနဲ့ ဒုတိယအကောင်းဆုံးထင်တဲ့ တခြားတစ်ယောက်ကို ရွေးလိုက်တာလား အဲ့လိုလား”

Pay Attention To Me [Myanmar Translation]Where stories live. Discover now