Unicode - 57

8.4K 589 147
                                    

ဝေယံ အိပ်ရာမှ နိုးလာခဲ့သည်။

လေညင်း၊ နေရောင်ခြည်။
ဌက်ကလေးတွေ၏ တေးဆိုသံ။

လက်ချောင်းများဖြင့် အိပ်စက်ရာ နေရပ်ကို စမ်းတော့ ခုတင် လက်ယာဘက် အခြမ်းတွင် လစ်ဟင်း အေးစက်လျက် ရှိသည်။ ချစ်ရသူ မရှိတော့၍ ဖြစ်သည်။ မနက်ခင်း နေခြည်က ပါးပြင်ပေါ် ပူနွေးစွာ ကျရောက်နေခဲ့ပြီ။ စားပွဲတင် နာရီကို လှမ်းကြည့်တော့ မနက် ရှစ် နာရီ။
    
ဘုရားရေ . . ။
    
ဝေယံ လန့်ဖျပ်ကာ ကမန်းကတန်း ထထိုင်လိုက်မိသည်။
    
"အား . . ခါး"

ရုတ်တရက်မို့ ဟန်ချက် ပျက်သွားကာ ညာဘက် လက်ဖြင့် ကျော နောက်ပိုင်းကို ဖိထိန်းလိုက်ရသည်။ ခါး တစ်ဝိုက်မှာ သိသိသာသာ နာကျင်နေ၏။ သတိထားမိမှ ခန္ဓာကိုယ်မှာ အဝတ် မကပ်။ အဝတ်ဗလာနှင့် ဖြစ်နေသည်။ ထိုမျှမက တစ်ကိုယ်လုံး နာကျင် ကိုက်ခဲလျက်။ ရှေးခေတ် နှိပ်စက်နည်းအတိုင်း စောင်ထုပ်ထဲ ထည့်ပြီး ဝါးရင်းတုတ်ဖြင့် ပယ်ပယ်နယ်နယ် အရိုက်ခံထားရသလို။ 
    
ခုတင်ပေါ်မှ ဆင်းတော့ မူးမိုက် ရီဝေမှုက အနည်းငယ် ပြင်းထန်လာသည်။ ဝေယံ နားထင်ကို လက်ဖြင့် အမြန် ဖိထောက်လိုက်ရသည်။ ရင်ထဲမှာ နေလို့ မကောင်း။ ပျို့အန်ချင်နေသည်။
    
"ညက ဘယ်လောက်တောင် သောက်ထားမိတာလဲ"

ညတုန်းက အဖြစ်အပျက်တွေကို ဝေယံ ဘာတစ်ခုမှ မမှတ်မိ။ လှုပ်ရှားမှု အားလုံး ဝေဝါး ရီဝေနေသည်။ တစ်ချက် တစ်ချက် ကြားယောင်လာတာက စကားလုံး မသဲမကွဲ။

သူ အိပ်ရာပေါ်မှ သတိထား ဆင်းလိုက်သည်။ ထို့နောက် ဆိုဖာ ကျောမှီပေါ် တင်ထားသည့် အဖြူရောင် ဝတ်ရုံကို ယူကာ ကိုယ်ပေါ် ထပ်ဝတ်လျက် ရေချိုးခန်းသို့ ဝင်လာလိုက်သည်။

"ဘုရားရေ . ."

ဝေယံ အသံကျယ်ကျယ်ဖြင့် ဘုရား တမိသွားသည်။

ရေချိုးပြီးပြီးချင်း မှန်ထဲမှာ မြင်လိုက်ရသည့် မြင်ကွင်းက ခေါင်းပေါ် မိုးကြိုး အဆင်း တစ်ရာ ပစ်ချလိုက်သလို။ တစ်ကိုယ်လုံး မြည်ဟည်း တုန်ယင်ကာ စက္ကန့်ပိုင်းလောက် ကြောင်အသွားစေသည်။
    
ရေချိုးခန်း အတွင်းရှိ ကိုယ်လုံးပေါ် မှန်ထဲ၌ လှမ်းမြင်နေရသော ပုံရိပ်ကို သူ၏ ပုံရိပ် အစစ် ဟု ဝေယံ မယုံချင်။ လည်တိုင်စွန်းစွန်းမှာ အနီရဲရဲ အကွက်များ။ သွားရာ တစ်စွန်းတစ်စက ပခုံးထက်၌။ ပေါင်အတွင်းပိုင်းမှာ ဖိကိုက် နမ်းရှိုက်ထားမှုကြောင့် အညိုအမဲ စွဲချင်နေသည်။ အသားဖြူသူမို့ နီမြန်း စွန်းထင်းမှုက ဖုံးကွယ်ထားလို့ မရ။ သိပ်ကို သိသာလွန်း၏။

SUN { Season 1 }Where stories live. Discover now