9.4(U)

2.3K 313 10
                                    

"ရှန်းယိုလင်!!!!"

ချန်လီကောက အိပ်ခန်းတံခါးကို ခေါက်လိုက်သည်။

"အဖေ????ဘယ်လိုရောက်လာတာလဲ????"

သူမအဖေအသံကြောင့် ပျာယာခတ်သွားပြီး
တံခါးကို အမြန်ဖွင့်ခဲ့သည်။

သူမတံခါးဖွင့်လိုက်တော့ ချန်လီကောက သူမရဲ့
ခေါင်းပေါ်က ဘားတန်းပေါ်မှာ ကိန်းဂဏန်းတွေ
တိုးနေတာကို တွေ့လိုက်ရသည်။ ကြည့်ရတာ
သူမအတော်ပျော်ရွှင်နေသည့်ပုံပင်.....

"ရှန်းယိုလင် ငါနိုင်ငံခြားကို ဆေးကုသွားနေတုန်း
မင်းကတော့ ငါ့နောက်ကွယ်မှာ ဒီလိုလုပ်နေတယ်ပေါ့????"

"အဖေ!!!"

ညအိပ်ဝတ်စုံဝတ်ထားတဲ့သူမက သူမအဖေရဲ့လက်ကို အမြန်ကိုင်လိုက်သည်။

ချန်လီကောကတော့ သူမကို အေးစက်စက် မျက်နှာထားနှင့် စကားမပြောပေ။

သူမအဖေရဲ့ မျက်နှာအမူအရာကိုမြင်တော့
သူမက သူမအသံကိုလျှော့ချလိုက်ရင်း
ခေါင်းစဥ်ပြောင်းလိုက်သည်။

"အဖေ  အဖေ့နှုတ်ခမ်းတွေ ဘာလို့သွေးတွေ
ထွက်နေရတာလဲ????"

ချန်လီကောက သူမစကားကြောင့် မျက်နှာမဲမှောင်သွားသည်။

ရှန်းယိုလင်က ဘာမှမသိသည့် ကလေးမဟုတ်တော့ပေ။တစ်ချက်ကြည့်တာနှင့် ဘာဖြစ်ခဲ့လဲဆိုတာ သူမသိသည်။

"အဖေ သမီးအတွက် အမေသစ်ရှာနေတာလား??? ဘယ်လိုလုပ် အဖေ့နားတွေအောက်မှာလည်း အနီမှတ်တွေ ရှိနေရတာလဲ????"

ချန်လီကောရဲ့ အတွေးထဲတွင်တော့....

(အဖေ့ဖိနပ်တွေချွတ်ခိုင်းရင် အဖေ့ခြေချောင်းတွေမှာပါ သွားရာတွေရှိတယ် သမီးလေး)

သူက ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။

"မင်းကိုမေးနေတာငါပါ မင်းကဘာလို့ငါ့မေးနေတာလဲ????"

ထို့အပြင် ချန်လီကောက ရှန်းယိုလင်ကို ပညာပြခဲ့သည်။

တကယ်တော့ ချန်လီကောနဲ့တွေ့ခွင့်မရတာကလွဲရင် ရှန်းယိုလင်ဘဝက အေးချမ်းသည်။
ရီဟွိုင်က ရှန်းမိသားစုရဲ့ တရားမဝင်စက်ရုံများကို တရားဝင်စေချင်သည်။ထိုကိစ္စကို ကန့်ကွက်သည့်လူလည်း မရှိကြပေ။ထို့ကြောင့် ရှန်းယိုလင်ကို ထိုကိစ္စတွေကနေ ဖယ်ထုတ်ခဲ့တာ ဖြစ်သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now