Chapter 191 to 193

2.4K 480 20
                                    

Zawgyi
Chapter 191
{ အကောင်းဆုံးသရုပ်ဆောင်သစ်ဆုကိုရခဲ့တုန်းက ရှင့်ပရိသတ်တွေကို ပြောခဲ့တဲ့စကားကို မှတ်မိသေးလား - ၃ }

" စိတ်မပူပါနဲ့ အမေ...ဒီကိစ္စတွေ အားလုံးကို ကျွန်တော် ရှင်းပြီးသွားပါပြီ... နောက်ပိုင်းမှာလည်း အခုလိုကိစ္စမျိုး ရှိလာမှာ မဟုတ်ပါဘူး... " လုပေရွှမ်းက ထိုသို့ရှင်းပြနေသော်လည်း သူပိုရှင်းပြလေ အမေလုက ပိုဒေါသထွက်လေ ဖြစ်လို့နေ၏...

" အေးပေါ့ အဲ့ကိစ္စက အခုပြီးသွားပြီလေ... အရမ်းကို ဂုဏ်ကျက်သရေကြီးမားလှပါတဲ့ဥက္ကဋ္ဌလုရဲ့... များပြားလှစွာသောဝန်ထမ်းတွေ ခန့်ထားတာ ဘာလုပ်ဖို့လဲ... ကျေးဇူးပြုပြီး ပိုက်ဆံရှာဖို့ကိစ္စကိုပဲ အာရုံမစိုက်ပါနဲ့... မိသားစုကိုလည်း အာရုံစိုက်ပါအုံးလို့... "

လုပေရွှမ်းသည် နောက်ဆုံးတွင်တော့ " ကျွန်တော် သိပါတယ်... "

" မင်းက သိတယ်?? ဒီမှာရေးထားတာကို ဖတ်ကြည့်လိုက်အုံး... ဒီထဲမှာ ငါ့ကို ယုတ်မာတဲ့အမေလို့တောင် ရေးထားသေး... ငါက မင်းနဲ့ရှန်ဝေ့ရင်းတို့ရဲ့အချစ်ကို ခွဲပြီး ကျန်းကျန်းကတော့ တတိယလူလို့ ရေးထားကြတာ ရက်ရက်စက်စက်ပဲ... ဒါတွေကို ရေးတဲ့သူတွေကို သတင်းအမှားဖြန့်မှုနဲ့ ရဲလက်အပ်ပြီးပြီလား... ရှေ့နေ့တွေရော လွှတ်လိုက်သေးလား... "

" အမေ စိတ်မပူပါနဲ့... ကုမ္မဏီက ဥပဒေဌာနကို ပြောထားပြီးသားပါ... "

" ငါ မင်းကို သတိပေးထားမယ်... ဒီကိစ္စကို သေချာရှင်းထား... နောက်တစ်ခါ တခြားမိန်းမတစ်ယောက်နဲ့ ကောလဟလပြန့်နေတာ တွေ့လို့ကတော့... အိမ်ရိပ်တောင် နင်းရဖို့ စိတ်မကူးလေနဲ့..."

အမေလုရဲ့စကားတို့ကို ကြားတဲ့အခါ ရီကျန်းသည် အနည်းငယ်ပြုံးလိုက်မိပြီးနောက် အခန်းထဲသို့ ဝင်လာခဲ့တော့တယ်...

" အမေ... နေရတာ အဆင်ပြေပြီလား... နေလို့ရော ကောင်းရဲ့လား "

အမေလုသည် ရီကျန်းတစ်ယောက် အခန်းထဲဝင်လာသည်ကို တွေ့လိုက်ချိန်၌ ချက်ချင်းစကားရပ်လိုက်ကာ လုပေရွှမ်းအား Laptopပြန်ယူသွားရန် အချက်ပြသလိုပုံစံမျိုးဖြင့် အကြည့်တစ်ချက်လှည့်ပေးလိုက်လေသည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now