🎶I want you to know
I love you the most
I'll always be there right by your side
'Cause baby, you're always in my mind
Just give me your forever (give me your forever)🎶နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခါမှ ၀င်ရောက်လာတဲ့ဖုန်းသံကြောင့် ရင်ခွင်ထဲမှာဖက်ထားတဲ့ ကလေးကို ခဏလွှတ်လိုက်ပီး အမြန်ဖုန်းယူကာထပြေးရပြန်တယ် မဟုတ်ရင် ဖုန်းသံကြောင့် အချစ်က နိုးသွားနိုင်တယ်မှတ်လား ...
" Hello "
" ငါ "
" ဘယ်က ငါလဲ "
" ငါ...မာန်ဟိန်းကိုကို "
" အထူးအဆန်းပါလား ဒီအချိန်ကြီးခင်ဗျားက ဘာကိစ္စလဲ "
" ဆက်ချင်လို့ဆက်တာမဟုတ်ဘူး မင်းကိုသတင်းလှမ်းပေးတာ "
" သတင်း? ဘာသတင်းလဲ "
" အရင်တခါ မင်းပြဖူးတဲ့ ဓာတ်ပုံထဲကလူက ငါ့ clubကိုဒီနေ့လာသွားတယ် "
" ဟမ်....အခုကောသူရှိသေးလား "
" မရှိတော့ဘူး ပြန်သွားပီ "
" ခင်ဗျားကို သူ့ကိုတွေ့တာနဲ့ဖုန်းဆက်ဖို့ပြောထားတယ်လေ ဘာလို့သူပြန်မှ ဆက်ရတာလဲ "
" ငါက မင်းလိုအားယားနေတာမဟုတ်ဘူး ဟန်နရီ...ငါ့မှာလဲအလုပ်တွေအများကြီး အခုလိုဖုန်းဆက်ပေးတာပဲ ကျေးဇူးတင် "
" sry... ကျုပ်နဲနဲစိတ်လောသွားလို့....ဒီနေ့ကော အဲ့လူခင်ဗျားဆီလာလောက်လား '
" သူပြန်လာအုံးမယ်လို့တော့ထင်တာပဲ "
" ကျုပ်ဒီညခင်ဗျားဆိုင်ကို လာခဲ့မယ် ကျုပ်ကိုစောင့်နေ "
" ငါက ဘာကိစ္စမင်းကိုစောင့်ရမှာလဲ "
" စောင့်စေချင်လို့ စောင့်ခိုင်းတာမဟုတ်ဘူး ကျုပ်ခင်ဗျားနဲ့မတွေ့မှာစိုးလို့ "
" မင်းလာမှာ ငါ့ဆိုင်လေ...ငါမရှိပဲနေမလား "
" ပီးတာပဲ ခင်ဗျားကရှာရခက်လွန်းလို့ ပြောရတာ "
" ပြောစရာမရှိရင် ဖုန်းချတော့မယ် "
" ကျုပ်ကလဲ ပြောချင်လွန်းတယ်ထင်မနေနဲ့ ဒါပဲ "
" ငါကလဲ မပြောချင်ပါဘူး "
***
ပြတင်းပေါက်နားက မနက်ခင်းကျေးငှက်လေးတွေရဲ့ တေးသီဆိုမှုကြောင့် အအိပ်စက်တဲ့ကျတော်က ချက်ချင်းပဲနိုးလာခဲ့ပါတယ်...
6နာရီဆိုအမြဲအိပ်ယာထတတ်တဲ့ကျတော်က ဒီနေ့တော့ 8နာရီမှနိုးလာတာကြောင့် ကျတော့်အတွက်တော့အထူးအဆန်းပါပဲ မနက်အိပ်ယာနိုးတိုင်း ခိုးကြည့်ရတဲ့အိပ်ပုတ်လေးကတော့ ကျတော့်နားမှာရှိမနေတာကြောင့် အခန်းတလျှောက်ပတ်ရှာမိပြန်တယ်...
ညက ကျတော်ဖျားချင်သလိုဖြစ်နေလို့ Airconပိတ်အိပ်လိုက်တာဆိုတော့ အပူဒဏ်မခံနိုင်တဲ့ ကျတော့်လူကြီးက အစောကြီးနိုးသွားတာများလား...