Chapter(74):လူနာ ဒီဇင်ဘာလ ၃၀ ရက်နေ့-1

4K 800 11
                                    

Zawgyi

သူချင်ရှုဝမ်းကို စကားပြောပြီးတဲ့နောက်မှာ ကျိုးယွင်တစ်ယောက် ချက်ချင်း သမားတော်ကို လိုက်ပို့ပြီး ပြန်ရောက်လာတဲ့ အိမ်တော်ထိန်းကို ပြောလိုက်တယ်။ "ဦးလေးဖူ ဆုချီးမြှင့်လိုက် လူတိုင်းကို ငွေတွေနဲ့ ဆုချီးမြှင့်လိုက်။"

"ဟုတ်ကဲ့။ သခင်" ဦးလေးဖူက အမိန့်ကို နာခံလိုက်ပြီး ပြန်လည်ထွက်ခွာသွားတော့ တခြားလူတွေကလည်း သဘောပေါက်နားလည်စွာ ကျိုးယွင်နဲ့ချင်ရှုဝမ်းတို့ကို ချန်ထားခဲ့လိုက်ရင်း ထွက်ခွာသွားကြတော့တယ်။

"ရှုဝမ်း ကိုယ်တောင်းပန်ပါတယ်။ အားလုံးက ကိုယ့်အမှားတွေပါ။ တကယ်လို့ ကိုယ်သာ မင်းနဲ့ မနေ့ညတုန်းက မနေခဲ့ဘူးဆိုရင် . . . ဒီနေ့မှာ မင်းသတိလစ်သွားရမှာ မဟုတ်ဘူး။ မစိုးရိမ်နဲ့တော့နော်။ ကိုယ်ဒါကို နောက်တစ်ကြိမ် ထပ်မလုပ်တော့ပါဘူး။ ကိုယ်ကတိပေးတယ်။" ကျိုးယွင်က အခုချိန်တွင် ကလေးသေးသေးလေး တစ်ယောက်လိုမျိုး ဖြစ်နေတယ်။

ဒါပေမဲ့ ချင်ရှုဝမ်းကတော့ သူ့နှလုံးသားကို မခံစားမိပါဘူး။ သူ့ရဲ့စိတ်ထဲမှာ သရော်လှောင်ပြောင်လိုက်မိတယ်။ 'သေချာပေါက် မင်းက ဒါကို နောက်တစ်ကြိမ် ထပ်လုပ်တော့မှာ မဟုတ်ဘူးလေ။ ငါက မင်းကလေးကို လွယ်ထားနေရတာကို။'

ချင်ရှုဝမ်းတစ်ယောက် ကျိုးယွင်ကို မျက်လုံးစုံမှိတ်ပြီး ဆန့်ကျင်နေတာကြောင့် တစ်ဖက်လူက သူ့ကိုဘယ်တုန်းကမှ နာကျင်အောင် မပြုလုပ်ခဲ့ဖူးသော်ငြားလည်းပဲ ကျိုးယွင်လုပ်သမျှအရာရာတိုင်းက အကျိုးအမြတ်တစ်စုံတစ်ခု ရဖို့အတွက် ဒါမှမဟုတ်ရင် မကောင်းတဲ့ ရည်ရွယ်ချက်အတွက်လို့ပဲ မှတ်ယူနေခဲ့တာ ဖြစ်တယ်။

အဲ့ဒါက ရှုရန်တစ်ယောက် ကျိုးယွင်ကို ပြောခဲ့တုန်းကအတိုင်းပါပဲ။ ဒါတွေအကုန်လုံးက ငယ်ရွယ်တဲ့ ဆင်းရဲသားယောက်ျားလေးကြောင့်ပဲ ဖြစ်တယ်။ သံသယဖြစ်စရာကိုမလိုပဲ ကျိုးယွင်ရဲ့ အဲ့အချိန်တုန်းက အပြုအမူတွေကလည်း တကယ်ကို ညဏ်မရှိခဲ့တာပါပဲ။

ကျိုးယွင်တစ်ယောက် ချင်ရှုဝမ်းရဲ့အိပ်ရာနံဘေးနားမှာ နေရဖို့အတွက်ကို အသည်းအသန် ဖြစ်နေတော့တယ်။ သူသူ့ကို ဒါကို စားချင်လား ဒါမှမဟုတ် အဲ့ဒါကို စားချင်လား ဒါမှမဟုတ်ရင် ချဉ်တာကို စားချင်လား စပ်တာကို စားချင်လားနဲ့ တခြားဟာတွေ အများကြီးကိုလည်း မေးမြန်းနေမိတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now