အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

4.8K 822 46
                                    

လီဟုန်ရွှမ်း ပြန်သွားတာသေချာတော့မှ ရှဲ့ဟယ် ကုတင်ပေါ် ငုတ်တုတ်ထထိုင်လိုက်တယ်.....

လီဟုန်ရွမ်းက သူ့အထဲမှာ အကြိမ်ကြိမ်ပြီးတဲ့အတွက် ရှဲ့ဟယ် ရေပြန်ချိုးနေရတယ်....ဆိုးသွမ်းတဲ့သူ့တပည့်လေးက ကွန်ဒုံးမသုံးတဲ့အပြင် တစ်ဖက်သားကို ဘယ်လိုဂရုစိုက်ပေးရကောင်းမှန်းလဲ မသိဘူး....လုပ်ချင်တာလုပ်ပြီးတာနဲ့ ပစ်စလက်ခတ်ထားခဲ့တော့ာတာပဲ.....မိန်းကလေးတွေကိုပဲသဘောကျတဲ့ အဖြောင့်စစ်စစ် ဆရာတစ်ယောက်က ဒါတွေကို နားမလည်ဘူးဆိုတာသူမသိလေရော့သလား....ရှဲ့ဟယ် အတွင်းပိုင်းကို သေချာမဆေးကြောခဲ့ဘူး...ဟားး...ဟားးးး အိမ်ပြန်ရောက်ရတာနဲ့ နေမကောင်းဖြစ်ပြရဉီးမယ်လေ.....

ရှဲ့ဟယ်ဆိုသည်မှာ အဲ့သလို အသေးစိတ်ကျကျ လုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်တယ်......

အပျင်းတစ်နေပေမယ့်လဲ အကွက်တွေရွေ့ရဉီးမှာဖြစ်တဲ့အတွက် လေးလံထိုင်းမှိုင်းနေတဲ့ ခန္ဓာကိုယ်ကြီးကိုသယ်ပြီး ကျောင်းသွားခဲ့ရပြန်တယ်.....

အဆောင်မှာကတည်းက System store ကနေ အစားအသောက်တွေတစ်ဝတစ်ပြဲစားထားပေမယ့်လဲ ကျောင်းကိုရောက်တာနဲ့ ကန်တင်းဘက်ကို ​ခြေဉီးလှည့်လိုက်တယ်....ကန်တင်းရောက်တာနဲ့ စျေးပေါတဲ့ ပေါက်စီလွတ်တစ်ချို့ဝယ်ပြီး အခမဲ့ပေးထားတဲ့ သနပ်ချဉ်လေးကိုယူပြီး လီဟုန်ရွှမ်း မျက်မှန်းတန်းမိလောက်မယ် ထောင့်လေးတစ်ထောင့်မှာထိုင်စားနေလို​က်တယ်...ရှဲ့ဟယ်ကိုကြည့်ရတာ ပေါက်စီအလွတ်တွေကို ခက်ခက်ခဲခဲ မြိုချနေရပုံရတယ်....ဟုတ်တယ်....ဒါပေမယ့် ရှဲ့ဟယ်တမင်သက်သက်ဟန်ဆောင်နေခြင်းမဟုတ်ပါ...သူတကယ် ဗိုက်ပြည့်နေတဲ့အပြင် ပေါက်စီတွေက မြိုရခက်လောက်အောင်မာနေတယ်လေ.....

[444: Hostတာ့တာ့ နည်းနည်းပိုလွန်းနေတယ်မထင်ဘူးလား??]

သူတကယ်ကို အိုဗာအိုက်တင်တွေလုပ်နေတယ်မထင်မိဘူးလား....

[ရှဲ့ဟယ်: ယောက်ကျားသားတွေရဲ့ IQ မြင့်မားမှုကို လျော့မတွက်နဲ့....]

[444: ကျွန်တော်အမြင်ကတော့ လီဟုန်ရွှမ်းကအတော်လေး ဉာဏ်ကောင်းမဲ့ပုံပါပဲ....]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now