part 22

14K 1K 83
                                    

   တချို့သော   လှည့်စားငြ်းတွေက  မင်း အဆင်သြွေားဖေို့   အတွက်ပဲ ငါ ရည်ရွယ်ခဲ့တာပါ

လူမှုကွန်ရက်တစ်ခုပေါ်မှ  စိတ်ပျက်ဖွယ်ကောင်းစရာ  ပြင်းပြင်းထန်ထန်  ခေါင်းစဉ်တစ်ခု၏ အောက်တွင်
တည်ကြည်ခန့်ညားသော ယောက်ျားတစ်ယောက်၏ ဓာတ်ပုံတစ်ပုံပါသော သတင်းတစ်ပုဒ်... ။ အောက်လုံးစကားများ ပိုများနေသော စွပ်စွဲချက်များဖြင့် ကွန့်မန့်များ...။

ထည်ဝါလင်းရှိန်သည် လည်ချောင်းထဲသို့
ကော်ဖီတစ်ငုံလေး မြိုချလိုက်ဖို့ရန်ပင် မစွမ်းသာတော့လောက်အောင် မျက်လုံးတို့ ပြူးကျယ်သွားရ၏ ။ ခံတွင်းထဲမှ ကော်ဖီငုံလေးသည် အပြင်သို့လည်း မထွက်ကျလာသလို မြိုချလိုက်ဖို့လည်း လည်ချောင်းဝတွင် တစ်ခုခုစို့နစ်သွားတော့၏  ။

သူ အကောင်းဆုံး လုပ်ပေးခဲ့တယ်လေ.... ။ ကြိုတင်ပြင်ဆင်မှုအတွက် သူ အရာအားလုံး သင်ပေးခဲ့တယ် ။ ခက်ထန် အရည်အချင်းကို လူများအားလုံးရှေ့မှောက်မှာ ဖော်ထုတ်ပေးခဲ့တယ် ။ တနေ့ ဒီနေရာကို ရောက်လာတဲ့အခါ အဆင်ပြေသွားစေဖို့ ၊ လွယ်ကူသွားစေဖို့ အခက်အခဲအတားအဆီး မှန်သမျှ ဖြေရှင်းပေးခဲ့တာပဲ... ။  ဘာတွေကများ လွဲမှားသွားခဲ့လို့လဲ ။

ကွန့်မန့်ဟူသော စာတန်းလေးပေါ် သူ တို့ထိလိုက်သည်။ သူ့ မျက်လုံးများ ပြာဝေသွားသည်အထိ သူ တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ လူ သန်းပေါင်းများစွာ၏ အောက်လုံးစကားများ ၊ ရိုက်နှက်ချက်များကို ကြည့်ရင်း လက်ချောင်းရှည်လေးများ တဆတ်ဆတ် တုန်ရီလာတော့၏ ။

" ဦးက ဂေး ပေါ့လေ... ဂေး တောင်မှ အိမ်ထောင်ရှိတဲ့ ယောက်ျားနဲ့မှ...အော့ "

" ငါ ဦးကို အရမ်းကြိုက်ခဲ့တာလေ ဟာ! "

" ခရိုနီကြီးတွေရဲ့ အရှုပ်တော်ပုံတွေ ပေါ်လာပြီ...လူတောင် သတ်ထားသေးတာတဲ့နော် "

" ယုတ်မာလိုက်တဲ့ ခွေးမသား!  အောက်တန်းစား.... "

" ထည်ဝါလင်းရှိန်က အလှူတွေ ဆက်တိုက်လုပ်ပြီး လူထုကိုပါ လှည့်စားနေခဲ့တာ...တကယ့်အောက်တန်းစားပဲ "

You are my husband (Season 1)Completed  Where stories live. Discover now