81

7.4K 1.5K 99
                                    

Unicode

ရွှယ်ယို့ရှန်းက Space ထဲမှာရှိသမျှ တိုက်ခိုက်နိုင်တဲ့ ပစ္စည်းတွေအားလုံး ပြောင်စင်သွားတဲ့အထိ ကောင်းတာတွေရော၊ ဆိုးတာတွေရော အကုန်လုံးကို ရင်းမင်ဆီ ပစ်ပေါက်လိုက်တယ်။ ရုတ်တရက် လေဟာပြင်တစ်ခုလုံး တောက်ပတဲ့ အလင်းတန်းတွေနဲ့ ပြည့်နှက်သွားပြီး ပေါက်ကွဲသံတွေ တရစပ်ထွက်ပေါ်လာတော့တယ်။

ဒီပစ္စည်းတွေက ရင်းမင်ကို ထိခိုက်စေမှာမဟုတ်ဘူး။ သူ့ရဲ့အဓိကရည်ရွယ်ချက်ကလည်း ရင်းမင်ရဲ့တိုက်ခိုက်မှုကို တစ်ခဏဖြစ်ဖြစ် အချိန်ဆွဲထားချင်ရုံပဲ။ အတတ်နိုင်ဆုံး အချိန်ဆွဲရင်း သူ့ကိုယ်သူ ကယ်တင်နိုင်ဖို့၊ ပြီးတော့ ရင်းဆုယဲ့ ရောက်လာဖို့ မျှော်လင့်ရင်းပေါ့။

တကယ်တော့ မြို့တော်ကို မရောက်ခင်ကတည်းက ရင်းဆုယဲ့က သူ့ကို ဒီလိုအခြေအနေမျိုးတွေအတွက် ကြိုတင်သင်တန်းပေးခဲ့ပြီးသား။ ဥပမာ မမျှော်လင့်ပဲ တိုက်ခိုက်ခံခဲ့ရရင် ဘယ်လိုမျိုးကာကွယ်သင့်တယ်ဆိုတာမျိုးပေါ့။ ဟုတ်တယ်၊ ပြန်လည်တိုက်ခိုက်တာမဟုတ်ပဲ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်အောင် သင်ကြားပေးခဲ့တယ်။

တကယ်တော့ ရွှယ်ယို့ရှန်းရဲ့ အားနည်းချက်က အရှိန်ပဲ။ မန္တန်ရေးဆွဲတဲ့နေရာမှာ အရမ်းနှေးကွေးလွန်းလို့ စာရေးလို့မပြီးခင် ရန်သူက အရင်သတ်သွားလိမ့်မယ်။ အဲ့တာကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတာကို ရင်းဆုယဲ့က ရွှယ်ယို့ရှန်းအတွက် အချိန်အတော်ကြာအောင် စဉ်းစားပေးခဲ့လေတယ်။

ငွေရေးကြေးရေးကို ထည့်စဉ်းစားစရာမလိုဘူး။ အဓိက,က ရန်သူကို ထိုးနှက်နိုင်ဖို့ပဲ..! ရန်သူကို သေတဲ့အထိမရိုက်နိုင်ရင်တောင် အနည်းဆုံး မူးဝေနှောင့်နှေးသွားတဲ့အထိတော့ လုပ်နိုင်ရမယ်။ ဒီနည်းလမ်းက ရိုးရှင်းပေမယ့် သက်ရောက်မှုအရှိဆုံးပဲ..!

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ သိုလှောင်လက်စွပ်ထဲ တိုက်ခိုက်ရေးပစ္စည်းတွေ အပြည့်ဖြည့်ထားပေးရုံတင်မကဘူး၊ သူ့ရဲ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အလိုလိုတုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ရတနာပစ္စည်းတွေကိုတောင် ရွှယ်ယို့ရှန်းအတွက် ချွတ်ပေးခဲ့လေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now