Chapter 50

30.4K 3.8K 86
                                    

Unicode

ဒီကျန်းမော့ချန်က ကျန်းရှင်းချန်တစ်ခါမှမမြင်ဖူးခဲ့တဲ့ ကျန်းမော့ချန်
__________________________________

ကျန်းမော့ချန်နှင့်ယန်းချင်းချီတို့နှစ်ယောက် ချီချီ့ကို အပြင်မှာပဲ ညစာလိုက်ကျွေးလိုက်သည်။ ကျန်းရှင်းချန်ကတော့ အလုပ်များနေသဖြင့် သူတို့နှင့်လိုက်မသွားခဲ့ပါ။ ထို့အစား သူမကို စိတ်ပူစရာမလိုကြောင်းနှင့် ဟိုတယ်ကနေ မှာစားလိုက်မည်ဟုသာ ပြောလာခဲ့​သည်။

လျို့အိုက်တစ်ယောက် ကျန်းရှင်းချန်အတွက် ဖိုင်တွေကူရှာပေးနေရင်း သူ့ဘော့စ်ဆီစာပြန်လိုက်သည်။

[ သူ(မ)ညစာမှာပြီးသွားပြီ ဒါပေမဲ့အခုထိ လာမပို့သေးဘူး ဘော့စ်ကအရမ်းကိုလုပ်များနေတယ် အခုတောင်ဖုန်းပြောနေတာ ]

ကျန်းမော့ချန်ထိုစာကိုတွေ့သည့်အခါ သက်ပြင်းသာချနိုင်တော့သည်။ သူ ကျန်းရှင်းချန်ကို သိပ်မကြာခင်ပြန်လာမည်ဖြစ်ကြောင်းနှင့် အလုပ်တွေကူလုပ်ပေးမည်ဆိုသည့်အကြောင်းကို Wechatကနေ message ပို့လိုက်သည်။ ထိုအချိန်တွင် သူမက ဖုန်းပြောနေလို့လည်း ဖြစ်နိုင်သည်။ ကျန်းမော့ချန်ကိုစာမပြန်ခဲ့ပါ။

သူတို့ညစာစားပြီးသည့်အခါ ဟိုတယ်ကိုပြန်လာကြသည်။ ကျန်းမော့ချန်က ကျန်းရှင်းချန်ဆီထွက်သွားစဥ် ယန်းချင်းချီကတော့ ချီချီ့ကို သူ့အခန်းထဲသာပြန်ခေါ်လာသည်။ သူ ဆိုဖာပေါ်ထိုင်လိုက်ပြီး ဖုန်းထုတ်ကြည့်လိုက်သည့်အခါ သူတို့ညစာစားနေချိန် ဟောဖေးတစ်ယောက် သူ့ဆီ Wechatကနေ စာတွေအများကြီးပို့ထားသည်။

[ ယန်းကော အခုထိပြန်မရောက်သေးဘူးလား ]

[ ယန်းကော ပြန်ရောက်ရင် ကျွန်တော့်ကိုပြောဦး ]

[ ယန်းကော အခု ချန်ကောနဲ့ အတူတူရှိနေတာလား ]

ယန်းချင်းချီ ချီချီ့အတွက် TVဖွင့်ပေးလိုက်ပြီး ဟောဖေးဆီ စာပြန်လိုက်သည်။

[ ငါပြန်ရောက်ပြီ ]

သိပ်မကြာခင် သူ အခန်းတံခါးခေါက်သံ ကြားလိုက်ရသည်။ ချီချီက သူ့ကို ခေါင်းလေးမော့ကာကြည့်လာတော့ သူ ကလေးခေါင်းလေးကို ပွတ်ပေးလိုက်ကာ

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now