Chapter(74):လူနာ ဒီဇင်ဘာလ ၃၀ ရက်နေ့-2

4.4K 828 17
                                    

Zawgyi


သူ့အနောက်ဘက်မှာရှိနေတဲ့ ယောက်ျားအစေခံငယ်လေးက မတတ်နိုင်ပဲ အံ့အားသင့်သွားမိပေမဲ့ သူ့သခင်လေးရဲ့ကိစ္စအကြောင်းကို သူဘာတစ်ခုကိုမှ မမေးမြန်းရဲခဲ့ပါဘူး။ သူကဒီအတိုင်း ချင်ရှုဝမ်းအနောက်နားကနေ သူ့ကိုမဝံ့မရဲလေးကြည့်နေရင်း လိုက်လာခဲ့တော့တယ်။

အဲ့အချိန်မှာ ကျိုးယွင်က ဧည့်သည်အခန်းထဲမှာ လှဲလျောင်းနေခဲ့တာဖြစ်တယ်။ ချင်ရှုဝမ်းတစ်ယောက် လာနေတယ်ဆိုတာကို ကြားလိုက်ရတော့ သူချက်ချင်း ထထိုင်မိတော့မလို ဖြစ်သွားတယ်။ ဒါပေမဲ့ သူက ဖျားနေပြီးတော့ ချင်ရှုဝမ်းကလည်း အခု ကိုယ်ဝန်ဆောင်ထားရတာမို့ သူသူ့ကို အဖျားကူးအောင် မလုပ်သင့်ဘူးဆိုတာကို သတိရလိုက်တာကြောင့် သူအစေခံတစ်ယောက်ကို ပြောလိုက်တယ်။ "မင်းရဲ့သခင်လေးကို ပြန်ပြီး အနားယူတော့လို့ ပြောလိုက်။ ငါအဆင်ပြေတယ်။ ငါသူ့ကို မနက်ဖြန်ကျရင် သွားတွေ့လိုက်မယ်။"

လူနာကို မတွေ့ရသေးခင်မှာတင် ချင်ရှုဝမ်းတစ်ယောက် ထွက်သွားဖို့ အပြောခံလိုက်ရတယ်။ သူဒီလိုမျိုးဆက်ဆံခံရတာ ဒါက ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ အလိုအလျောက်ကို သူနည်းနည်း စိတ်မသက်မသာဖြစ်သွားသလို ခံစားလိုက်ရပြီးတော့ သူ့ရဲ့အခန်းဆီကို ဒေါသတကြီး ပြန်လာခဲ့တော့တယ်။

သေချာပေါက်ကို ကျိုးယွင်ကတော့ သူပြောခဲ့တဲ့အတိုင်း လုပ်ပါတယ်။ နောက်တစ်နေ့တွင် သူနိုးတာနဲ့ချက်ချင်း ချင်ရှုဝမ်းဆီ သွားတွေ့ခဲ့ပေမဲ့ သူကတော့ အိပ်ပျော်နေသေးတုန်းပဲ ဖြစ်တယ်။ အဲ့ဒါကြောင့် သူ့နှာခေါင်းကိုသာ သူပွတ်လိုက်ပြီးတော့ တခြားဘာတစ်ခုမှမလုပ်ပဲ ပြန်လာခဲ့တော့တယ်။

စိတ်ခံစားချက်တွေက ဒီကလေးကြောင့် အစပျိုးလာခဲ့ပြီ ဖြစ်သော်ငြားလည်းပဲ သူတို့ရဲ့ဘဝကို သူတို့လျှောက်လှမ်းသင့်တဲ့အတိုင်း ဆက်သွားနေရအုံးမှာ ဖြစ်တယ်။ မျက်တောင်တစ်ချက် ခတ်စာအတွင်းမှာတင် လူနာဒီဇင်ဘာလ ၂၉ ရက်နေ့ကို ရောက်လာခဲ့ပြီဖြစ်တယ်။ အိမ်တိုင်းအိမ်တိုင်းက မီးဖိုချောင်တိုင်းမှာ သူတို့ရဲ့အလုပ်ရှုပ်တဲ့အချိန်ကို စတင်နေကြပြီဖြစ်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now