Unicode
အခုထိ မနိုးသေးဘဲ စိတ်ချလက်ချ အိပ်နေသောကိုကို့ကိုကြည့်ပြီး ကြီးမြတ်ကုဋေချီအသာပြုံးမိသည်။
နဂိုထဲက လူကောင်ကသူ့ထက်ညှပ်ရတဲ့အထဲအခုလိုအိပ်နေတော့ကိုကိုကပိုပြီးတော့ပိန်သွားဦးမယ်။
" ကိုကို ။ ကိုကို ယောကျာ်း သတိရနေပြီ "
ကိုကို့ လက်ကို အသာကိုင်ကာ လီယိုပြောသော်လည်း ကိုကိုက တုန့်ပြန်မှုမရှိ။
" ဘုန်းဘေဘီ ယောကျာ်း လွမ်းနေပြီ လို့ ပြောနေတယ် လေ မြန်မြန် နိုးလာတော့နော် "
ဖြူဖျော့နေသည့် ကိုကို့မျက်နှာကိုကြည့်နိုင်စွမ်းမရှိတော့၍ လီယိုခေါင်းကိုငုံ့ချပြစ်လိုက်သည် ။
သူ့အတွက် နဲ့ ကိုကိုက သုံးခါတောင် အသက်ကိုအဆုံးရှုံးခံခဲ့တာ ။
သူ့လို ကောင်ကြောင့်နဲ့တဲ့ ။ ကိုကို့အပေါ်ကိုအမြဲအနိုင်ယူပြီးအော်ဟစ်နေတဲ့သူ့လိုကောင်အတွက်နဲ့တဲ့ ။
သူကတော့ ဒါတွေမသိဘဲ ကိုကို့ကိုဆိုအမြဲအထင်သေးခဲ့တာ ။ သူ့ကိုမချစ်ဘူးဆိုပြီး ကိုကို့ကို အထင်တွေပါလွဲခဲ့တာ ။
" ကိုကို ထလာတော့လို့ ။ ဘုန်းဘေဘီ ယောကျာ်း လွမ်းတယ် "
" ယောကျာ်း ကို လွမ်းရင် အိပ်ရာကနေထတော့ ကိုကို "
" ဘုန်းဘေဘီ ယောကျာ်း ခင်ဗျား ကို ချစ်တယ် ။ အဲ့ဒါကြောင့် ခင်ဗျားက မြန်မြန်နိုးလာပါတော့ ဗျာ "
ကိုကိုများ ကြားမလားရည်ရွယ်ချက်ဖြင့် လီယို စကားတွေ အများကြီး ပြောပေမယ့် ကိုကိုကနိုးမလာသေး ။
နောက်ဆုံး လီယို ကိုယ်တိုင် ကိုကို့ကုတင်ဘေးနားကလွတ်နေတဲ့နေရာလေးမှာ ခေါင်းမှီပြီး အိပ်ပျော်သွားသည်။
လီယို အိပ်ပျော်သွားပြီး ခဏအကြာမှာ ကုတင်ပေါ်ကဘုန်းဘေဘီရဲ့ လက်ကလေးတစ်ဖက်လှုပ်လှုပ်ရှားရှားဖြစ်လာတယ် ။
" မောင် "
မျက်လုံး ဖွင့်ဖွင့်ချင်း ဘုန်းဘေဘီ မောင့်ကိုအရင်ရှာကြည့်မိသည်။
အကျယ်ကြီးအော်ခေါ်ချင်ပေမယ့်လည်း လည်ချောင်းက နာနေသောကြောင့်လည်းခြောက်ကပ်ကပ်အသံသာထွက်လာတယ်။
YOU ARE READING
Baby of the billionaire
RomanceThe entire story line and character names are just the imagination of the author.