Part 23

5K 287 11
                                    

ဆရာဝန်ပြောချက်အရ...အတင်းအဓမ္မပြုကျင့်ခံရတာကြောင့်ရယ် အရင်တည်းက စိတ်ဒဏ်ရာရှိပြီးသားရယ်ကြောင့် ယူရီ အသိစိတ်လွှတ်သွားကာ Little sapceထဲကိုလည်း နည်း''ရောက်သွားသည်တဲ့လေ...

"လူနာကို ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမမေးသေးပါနဲ့...မဟုတ်ရင် ဒီ့ထက်အခြေအနေပိုဆိုးသွားပြီး ကုမရတဲ့ထိ ဖြစ်သွားပါလိမ့်မယ်...
လူနာရှင်တွေဘက်ကတော့ သူတောင်းဆိုသမျှ လိုက်လျောပေးနိုင်တာအကုန် လိုက်​လျောပေးပါ...စိတ်ချမ်းသာအောင်ထားဖို့က အရေးကြီးဆုံးပါ...''

"ဟုတ်...ဟုတ်ကဲ့ပါ...''

ဘယ်သူ့နဲ့မှ အတွေ့မခံတဲ့ ယူရီက တစ်ချိန်လုံး...
ထယ်ယောင်းOppaကို ခေါ်ပေးဆိုပြီး တစ်ညလုံး အော်ဟစ်​ပြောဆိုနေသည်...

ကျွန်မကို ခါးခါးသီးသီးမုန်းနေသည့် သမီးကိုကြည့်ပြီး ရင်ခွဲမတတ်ကို ခံစားရသည်...

ငါအများကြီး မှားခဲ့တာပဲ...ထယ်ယောင်းပဲ ကူညီပေးနိုင်လိမ့်မယ်...ငါထယ်ယောင်းကို ကျေနပ်တဲ့ထိ တောင်းပန်ရမယ်...ငါ့ကိုဘာပဲလုပ်လုပ် ငါ့အပြစ်ကိုငါခံမယ်...ဘာမှမဆိုင်တဲ့ သမီးကိုတော့ ထပ်ပြီး မခံစားစေချင်တော့ဘူး...

ထယ်ယောင်း...ငါမှားပါတယ်...ငါနင့်ကိုလုပ်ခဲ့တာတွေအတွက် ငါ့ကိုအပြစ်ပေးလိုက်ပါ...ငါ့သမီးကိုတော့ ကယ်ပေးပါ...

Flash back end//

"ခင်ဗျားတကယ်နှောင်တရတာ ဖြစ်ပါစေ...
အရေးကြီးဆုံးက ခင်ဗျားမှားတာတွေကို သိပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့လိုတယ်...
ဘာတွေပြင်ရမလဲဆိုတာ သိမယ်ထင်ပါတယ်...
ယူရီကြောင့် ခင်ဗျားကို ဘာမှပြန်မလုပ်ပဲ လွှတ်
ပေးလိုက်မယ်...ယူရီ့ကိုလည်း လာကြည့်ပေးမှာပါ...ကျွန်တော်လုပ်ပေးနိုင်သမျှ အကုန်လုပ်ပေးနေတာ...ဒါကြောင့် ခင်ဗျား ယူရီ့ကို အများကြီး ပျော်ရွှင်အောင်ထားပါ...ခင်ဗျားမှားခဲ့မှန်းသိတယ်ဆိုရင်...ခုကစ​ပြီး ယူ့ရီကို မှန်ကန်တဲ့ချစ်ခြင်းနဲ့ ချစ်ပေးနိုင်ဖို့လိုတယ်...''

"ကျေးဇူးပါ...ကျေးဇူးတင်ပါတယ်....ထယ်ယောင်း...''

ကျွန်တော်ကတော့ ဒီနာကျင်စရာတွေကို အတိတ်မှာပဲ ထားခဲ့ပစ်ချင်တယ်...ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ဘူး...ဘယ်သူ့ကြောင့် ဘာဖြစ်တယ်ဆိုပြီးလည်း စိတ်အဆင်းရဲခံပြီး ပြောမနေတော့ဘူး...

The Only One  [zawgyi+unicode]Where stories live. Discover now