ဇာတ်သိမ်းပိုင်း

27.4K 303 64
                                    



Princess of Dark God
ဇာတ်သိမ်းပိုင်း

< ဒီကြားထဲ Mood မဝင်လို့ အချိန်အရမ်းကြာသွားတာ တောင်းပန်ပါတယ်။
စိတ်မရှိပါနဲ့ 🙏 >

Club ထဲမှာ Dj သံများက ဆူညံနေသည်။
လူတစ်ချို့က club ထဲတွင် ကခုန်နေကြပြီး
တစ်ချို့က သောက်စရာရှိတာကို
ဇွတ်မဲ သောက်နေသည်။

ထိုလူများထဲမှ မတူစွာ ကွဲထွက်နေသော
လူတစ်ဦးက ထောင့်စွန်းဝိုင်းမှာ။
shirt အနက်ကို ဂျင်းအပြညနဲ့ တွဲဝတ်ထားပြီး
မုတ်ဆိတ်ကြင်စွယ် တို့ အပြည့်နဲ့ ထိုသူ..။

"လူမော် မင်းတစ်ယောက်တည်းလား"
သူ့ကို မေးသံကြားလိုက်သဖြင့်
လူမော်အောင် ဘေးကို ကြည့်လိုက်တော့
လင်းခက်ဆစ်။

"အေး မြင်တဲ့အတိုင်းပဲ"
လူမော်အောင် ခပ်မာမာ ဖြေလိုက်သည်။
တစ်ယောက်တည်း နေချင်ပါတယ် ဆိုမှ
သကောင့်သားက လာရှုပ်နေသည်။

သိပ်မကြာပါချေ။
လင်းခက်ဆစ် ဘေးနားက ထွက်သွားသည်။
သူ သောက်လက်စ ခွက်ထဲမှ လက်ကျန်အရက်များကို တဟုန်ထိုး မော့ချလိုက်ပြီး
အတွေးများက အတိတ်ဆီ တစ်ခေါက်ပြန်
ရောက်သွားသည်။

ယမုံ ဆုံးသည်မှာ ၆ လ နီးနီး ဖြစ်နေချေပြီ။
အခုထိတိုင် သူ့ကိုယ်သူ အဖက်ဆယ်မရသေး။
သမီးလေး ကိုတော့ ညီမလေး
မိသားစုထံတွင် ထား ထားရသည်။

သူ အရာရာကို လက်လျော့လိုက်ချင်နေပြီ
ဖြစ်သည်။
သူက အချစ်ရေး ကံကောင်းသလောက်
ချစ်မိရင် ကံဆိုးတတ်လေ သလား ..... ?

ပထမဆုံး ... လင်းလက်ချို
သူ့အချစ်ဆုံး သူငယ်ချင်း..။
သူ့အနားမှာ အမြဲ ရှိနေပေမယ့်
သူမ အချစ်ကို မမြင်နိုင်ခဲ့။

သူမနဲ့ အတူနေမိစဉ်
မတော်တဆ ကိုယ်ဝန်ရသွားသည်။
ထို့နောက်မှ သူမ diary စာအုပ်ဖတ်၍
သူ အရာရာကို နားလည်သွားသည်။
သူမ ကို ချစ်မိသည်ဟု သိသွားတော့မှ
သူနှင့် ကိုယ်ဝန်ပျက်ကျရသည်။
နောက်ဆုံး လေယာဉ်ပျက်၍ ဆုံးရသည်။

အခုလည်း ယမုံ..။
အတိတ်ဆိုးများထဲမှ ရုန်းထွက်ခါ
သူမ နှင့် သာယာသော မိသားစုလေး
တည်ထောင်နိုင်တော့မှ သူ့အနားက
ထွက်သွားပြန်ပြီ။

Princess of Dark God 🔞Where stories live. Discover now