Ep-38

481 19 0
                                    




မိနှိုင်းကောင်းမှုနဲ့ ဒီအိမ်ကို ဒုတိယအကြိမ်ခြေပြန်ချမိခြင်း။ ဒီတစ်ခါတော့ သတိုးလက်ုကိုပါဆွဲပြီး ရဲရဲ၀င့်၀င့် အိမ်ထဲ၀င်လာခဲ့သည်။

ဧည့်ခန်းမှာတွေ့ ရသည်က ဟိန်းသူနဲ့ ကိုကောင်းစစ်ကတစ်တွဲထိုင်နေသလို ကိုကြီးသုတနဲ့ အဆောင်တော်က တစ်တွဲဖြစ်နေသည်။

သူတို့ကိုမြင်တော့ ရင်ထဲဆစ်ခနဲ...။ ကျွန်တော်က ဘရားသားသူငယ်ချင်းတွေလောက်တောင်အရေးမပါဘူးထင်ပါရဲ့...။ ဒါ့ကြောင့် ကျွန်တော့်ကိုနားလည်မပေးနိုင်တာ။

"ဧကရာဇ် လာလေကွာ အိမ်ပေါက်၀ကြီးမှာ ဆိုင်ဆိုင်ကြီးရပ်နေတယ် အထဲ၀င်ခဲ့ မင်းအကိုကို ကြောက်မနေနဲ့ သူကအာပဲရှိတာ သိတယ်မလား"

ကိုကောင်းစစ်ရဲ့ဆူသလိုအသံကြောင့် အသိပြန်၀င်ကာ သတိုးကို ဧည့်ခန်းမှာထားခဲ့ပြီး ခြံထဲထွက်လာခဲ့သည်။ ဒီထက်ပိုပြီး သတိုးရှေ့မှာ မျက်ရည်မကျချင်ပါ။

အရင်ကသန်မာခဲ့သလောက် ခုတော့တအားကိုမျက်ရည်လွယ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ အလိုမကျနိုင်ပါ။

"ဇိမ်း"

တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ ဇိမ်းကျောပြင်လေးကို ဖွဖွပုတ်ကာ ခေါ်လိုက်တော့ မျက်ရည်တွေနဲ့ လှည့်ကြည့်လာသည်။

"ပင်ပန်းနေလား"

ခေါင်းလေးသာညိတ်ပြပြီး တစ်ဖက်ပြန်လှည့်သွားတော့ သူ့ဘေး၀င်ထိုင်ကာ

"အချစ်ကဒီလိုပါပဲ နာကျင်ရတယ် အဟင်း လူနှစ်ယောက်နှစ်ဦးသဘောတူချစ်နေတာတောင် ဘေးလူတွေကြောင့် နာကျင်နေတာလဲ ရောဂါပဲဇိမ်းရဲ့"

မတုန်မလှုပ်နဲ့ ခေါင်းငိုက်စိုက်ကာ မျက်ရည်တွေတသွင်သွင်စီးကျနေတဲ့ ဇိမ်းကို တစ်ချက်ကြည့်ပြီး

"ဘေးလူတွေကြောင့်ဆိုပြီး နင့်ဖြစ်တည်မှုနင်အပြစ်ပြန်တင်နေမယ်ဆိုရင်တော့ နင်ကသိပ်ကို သတ္တိကြောင်တဲ့သူဖြစ်နေပြီ နင်ပတ်၀န်းကျင်ကို သိပ်ဂရုစိုက်နေလား"

ပတ်၀န်းကျင်ကိုဂရုစိုက်လားတဲ့။ ဟင့်အင်း...။ ဂရုမစိုက်လို့တောင် သတိုးနဲ့အတူတွဲပြီး Universe ဆိုတဲ့ပန်းဆိုင်လေးတောင်ဖွင့်ပြီး နှစ်ယောက်လုံး Come out လုပ်ထားပြီးသား။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now