Ep-35(Uni/Zg)

65K 4.6K 310
                                    

အိမ်ပြန်လမ်းတလျှောက်လုံး စကားမပြောပဲ ကားအပြင်ဘက်ကိုသာ ငေးကြည့်နေတဲ့ အကို့ဆီပဲ ကျတော့်ရဲ့စိတ်တွေက ရောက်နေခဲ့တယ်....car Airconဖွင့်ပေးမယ်ပြောပေမဲ့ သဘာ၀လေကိုပဲ ပိိုကြိုက်တာဆိုပီး ကားပြတင်းပေါက်ကိုလဲဖွင့်ထားလေရဲ့...အသာအယာ၀င်ရောက်လာတဲ့ လေဟာနယ်ကြားထဲမှာ ပျံ့လွင့်နေတဲ့ အကို့ရဲ့မဟော်ဂနီရောင် ဆံပင်လေးတွေက တခါမှကြည့်ရမရိုးသွားခဲ့ပါဘူး...တခြားသူတွေထက် ပိုထူးခြားပီး ဖြောင့်စင်းနေတဲ့နှာတံလေးကလဲ အကို့ဆီကကျတော် သဘောကျတဲ့အရာလေးလေ....ကားပြတင်းပေါက်ဘက် မေးတင်ကာ မျက်လုံးမှိတ်ထားတဲ့ အကို့ကို နောက်ကြည့်မှန်ကနေလဲ ခိုးကြည့်ရတာလဲမလွယ်ကူလှပါဘူး...အကိုကကျတော့်ဘေးမှာမှ လာမထိုင်ပဲလေ

" ဟိုရှေ့နားက အိမ်အဖြူလေးမှာရပ်ပေး "

" ဟိုရှေ့က တိုက်အဖြူလေးလား အကို "

" ဟုတ်တယ် "

ဆိတ်ငြိမ်ရပ်ကွက်လေးထဲမှ နှထပ်အိမ်တိုက်အဖြူလေးက အပြင်ပန်းကြည့်လိုက်တာနဲ့ အကို့စိတ်ကြိုက်ပုံစံ ဒီဇိုင်းဆွဲထားမှန်း ခန့်မှန်းမိလိုက်သည်....ခြံ၀န်းလေးက သပ်သပ်ရပ်ရပ်နှင့် ပန်းပင်လေးတွေကိုလဲ အစီအရီ စိုက်ပျိုးထားတာကြောင့် အကိုက ကဗျာဆန်တတ်မဲ့ပုံပင်...ဒါပေမဲ့ ကျတော့်ပေါ်မှာတော့ အေးစက်တဲ့ ရေခဲတုံးအကိုပါပဲ

" ခြံထဲပဲပတ်ကြည့်တော့မှာလား အိမ်ထဲမ၀င်တော့ဘူးပေါ့ "

" အာ အိမ်ထဲမ၀င်လို့ရမလားဗျ ကျတော်အခုလာပီ "

ခြံထဲမှာ စပ်စုနေတဲ့ကျတော်က အကို့အသံကြားတာနဲ့ ချက်ချင်းအိမ်ထဲပြေး၀င်သွားလိုက်တယ် အိမ်ထဲမှာလဲ အသုံးအဆောင်ပစ္စည်းအများစုက အဖြူရောင်တွေချည်းပဲမို့ အကိုက အဖြူရောင်တော်တော်ကြိုက်တဲ့ပုံပင်...

" မင်းဗိုက်ဆာနေလား "

" ခင်ဗျာ "

" ဗိုက်ဆာလားလို့မေးနေတာလေ "

" အင်း ဆာတယ် "

တကယ်တော့မဆာပါဘူး...ဒါပေမဲ့ မဆာဘူးပြောရင် ကိစ္စကပျက်နေပီလေ ကျတော်ပြန်ရတော့မှာပေါ့...အဲ့တာကြောင့် အကို့နားကြာကြာနေရမဲ့ နည်းလမ်းတွေပဲ ရွေးချယ်နေရတာပေါ့

HANARY(S1+S2) Where stories live. Discover now