Chapter - 10 (Part 2)

659 132 0
                                    

Unicode

သခင်ကြီး​ကျောင်းစီက ​မေးတယ်, "ဒါဆို မင်းတို့နှစ်ယောက်က ဘာလို့ ဒီလိုပုံစံနဲ့ ဒီကို ​ရောက်လာကြတာလဲ? ငါ မင်းကိုအကြိမ်ကြိမ်ပြောပြီးပြီ​နော်, သူက ​တော်​တော်အသက်ကြီးနေပြီ, ငါတို့​ကျောင်းမိသားစုက ငါတို့ရဲ့ဂုဏ်သိက္ခာကို ထိန်းဖို့လိုအပ်တယ်, ရိရှင်ရာ, မင်းက သူ့ထက် ပိုရင့်ကျက်ပါတယ်, သူ့ကို အမြဲတမ်း အလိုမလိုက်နဲ့​လေ, မင်းလည်း သူ့ကို ထိန်းရမှာပေါ့, မင်းက သူနဲ့အတူ ဘယ်လို​တောင် ဆိုးနေရတာလဲ?"

​ကျောင်းကုန်းဇီရဲ့မျက်ခုံး​တွေ တွန့်သွားတယ်, "​ငရဲလိုပဲ သူက ကျွန်​တော့်ကို ထိန်းနိုင်တာ​လေ!"

ဆယ့်သုံး​ယောက်မြောက်မဒမ်က​ သူ့ကို ဆူတယ်, "မင်း အဖေကို ဒီလိုပဲ ပြောရလား?"

​ကျောင်းကုန်းဇီက ပြန်ထိန်းပြီး ​ပြောတယ်, "ကျွန်​တော် အဖေနဲ့ ပြောစရာရှိတယ်, နှစ်ယောက်တည်းပဲ"

ငါ သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်မိတယ်။

သခင်ကြီး​ကျောင်းစီက ငါ့ကို စိုက်ကြည့်လာတယ်, "ရိရှင်, မင်း သူမကို အနားယူဖို့ လိုက်ပို့​ပေးလိုက်, နောက်​မှ ​ပြန်နား​ထောင်ကြည့်​​တော့"

ငါ့မှာ အသက်ရှင်ဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်။ ဆယ့်သုံး​ယောက်မြောက် မဒမ်ကို လိုက်ပို့ပြီးတာနဲ့ ငါ့ရဲ့အသက်ကို စွန့်လွှတ်ရလိမ့်မယ်။

ငါ စာဖတ်ခန်းတံခါးဆီ လာပြီး တံခါးဖွင့်လိုက်တော့ ​ကျောင်းကုန်းဇီက ငါ့ဘက်ကို ကျောပေးပြီးထိုင်နေတာကို တွေ့လိုက်ရတယ်။

သခင်ကြီး​ကျောင်းစီက ငါ့ကို ​မေးတယ်, "ဘာကိစ္စလဲဆိုတာ သိလား?"

ဒီ​နေရာမှာ ငါပြောသမျှစကားတိုင်းဟာ ငါ့အတွက် ဝန်ခံခြင်း ဒါမှမဟုတ် သက်သေ​တွေဖြစ်လာမှာဖြစ်တဲ့အတွက် ငါ နှုတ်ဆိတ်နေလိုက်တယ်။

​ကျောင်းကုန်းဇီက စိတ်မရှည်စွာ ​ပြောတယ်, "ကျွန်တော် သူနဲ့ မအိပ်ချင်တော့ဘူး, သူကလည်း ထွက်သွားဖို့ ဆန္ဒမရှိဘူး"

သခင်ကြီး​ကျောင်းစီက ငါ့ကို ကြည့်တယ်။

​ကျောင်းကုန်းဇီရဲ့​ဒေါသက ​ပေါက်ကွဲလာတယ်, "သူက မိသားစုက ​ကောက်ယူ​ထားတဲ့လူ​​သက်သက်ပဲလေ, သူက တကယ်ပဲ ကျွန်​တော့်ရဲ့မိန်းမလို့ ထင်နေတာလား? ကျွန်တော် ထပ်မကစားချင်တော့ဘူးဆိုရင် သူ့ကို ဖယ်လိုက်လို့မရဘူးလား? ဖေဖေ ဘာလို့ သူ့ကို ကြည့်နေတာလဲ? ကျွန်​တော် သူ့ကို စွန့်ပစ်ချင်တယ်ဆိုရင် သူ့ခွင့်ပြုချက်ကို ကျွန်​​တော်က တကယ်ပဲ လိုသေးလို့လား?"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now