ခွပ် ...!
မျက်နှာကို တည်ထိုးလိုက်တော့ တစ်ဖတ်က လူက ရပ်တောင်မနိင်ပဲ လဲကျသွားတယ် ..
" ပျော့လှကြီးလား ခင်ဗျားတို့ကလဲ ဒီမှ ဘာမှတောင် မဖြစ်သေးဘူး "
" ဂျီမင် မင်းတော်သင့်ပြီး ..."
လက်ဝှေ့ကြိုးဝိုင်းပေါ်မှ နစ်ယောက်တစ်ယောက် ထိုးသတ်နေပေမဲ့ တကယ်အနိင်ရသူက ပတ်ဂျီမင်ပဲ တော်ယုံ လက်သီးလေး ထိုးတက်ယုံလောက်နဲ့ ပတ်ဂျီမင်ကို ပြိုင်ဖို့မပြောနဲ့ ထိတာနဲ့တင် အရိုးတွေကြီး
ကျိုးသွားနိင်တယ်။ စင်ဘေးမှ ရပ်ကြည့်နေတဲ့ ဟိုဆော့နဲ့ ပတ်ဂျီမင်နဲ့အမြဲအတူရှိတဲ့ bodyguard ဟန်ဒို၀န်.
ဒီလက်ဝှေ့ရုံက Royals groupက ပိုင်တဲ့ မြို့စွန်းကစက်ရုံဟောင်းနေရာ ကန့်သက်နယ်မြေ ဒီနေရာကို သူတို့သုံးယောက်ပဲ အမြဲလာတက်တယ်။ ပတ်ဂျီမင် ဒေါသထွက်တိုင်း ဒီမှ လက်ဝှေ့လာထိုးတက်သလို ဟိုဆော့ကိုလဲ သင်ပေးတက်တယ်။
ဒီနေရာကို အခုမှ အခြားလူတွေကို ထိုးဖို့ ခေါ်လာဖူးတာ အဲလူနစ်ယောက်က အခြားသူမဟုတ် ဟန်မြစ်မှတုန်းက သူ့လူကို ထိသွားတ့ဲ လူတွေမို့ ..
သူထိုးထားလိုပက်လက်လဲနေသူက တစ်ယောက် မှောက်နေသူက တစ်ယောက်..
" ဘာကြောင့် ငါလူကို လာထိတာလဲ ?"
သူ့ဒေါသထွက်လို ထိုးထားတာလဲ နစ်ယောက်လုံး မျက်နှာက စုတ်ပြတ်သက်နေပြီး ။ အညိုအမဲတွေကလဲ စွဲလို ...
" အကိုလေး ကျွန်တော်..."
ဟန်ဒို၀န်က ၀င်ပြောမလို လုပ်တော့ ဂျီမင်က လက်ပြရင်
" ငါရှင်းမယ် ဒို၀န် .."
သူ့အကိုလေးက ရှင်းမယ်ဆိုတော့လဲ သူမှ ဒီအတိုင်းရပ်နေယုံပဲ ။ သူအကိုလေး လက်စကို သူ့သိတယ်။ တစ်ခုပဲ ထိခိုက်ဒဏ်ရာ အကိုေလး ဖြစ်လိုတော့ မရ ဒါတောင် တစ်ချက်ထိသွားသေးတယ်။ ပါးစောင်းမှ ရှောင်ရင် ထိသွားတယ်ဆိုပေမဲ့ ထိသွားတဲ့နေရာက နီယုံမက ညိုသွားတာ ။ သူအကိုလေးက အသားက ဖြူဥပြီးကြည်လင်နေတာ ယောကျာ်းလေးဖြစ်ပြီး အသားအရေက တအားလှတယ်။ အကိုလေးကို ပိုင်ဆိုင်တဲ့ Bossကတော့ ဘယ်လောက်တောင် ချစ်လိုက်မလဲ မသိ .. အခုလဲ အကျီ လက်တိုနဲ့ အားကစားဘောင်းဘီအတိုကို ၀တ်ထားတာ မိန်းခလေးတောင် မနာလိုစရာ အသားအရည်က ကောင်းလွန်းတော့ ...
