အခန်း - ၁၂၀

5K 411 3
                                        

Unicode

အခန်း(၁၂၀)တက္ကသိုလ်ပရိဝုဏ်ထဲမှကောလဟာလ

နောက်ရက်အနည်းငယ်အတွင်းမှာ နောက်ဆုံးစာမေး ပွဲတွေ လာတော့မှာဆိုတော့ ကုကျင်တစ်ယောက် အလွန် အလုပ်များနေခဲ့သည်။ ပြည့်ကြပ်လှသော ပြန်လည်လေ့ ကျင့်ခန်း အချိန်ဇယားအတွက် အသည်းအသန် ကြိုးစား နေရရင်း ပြင်ဆင်နေရသည်။

တစ်ညတာအတူနေခဲ့ပြီး ထွက်ပြေးလာခဲ့ပြီးနောက် သူမ၏ လွယ်လပ်ပြီး လွယ်ကူလှသည့် သဘောထားက သူမအား သူမနှင့်အတူ နွေဉီးလေညှင်းကို မျှဝေခဲ့သော တစ်ဉီးတစ်ယောက်ကို တစ်စက်ကလေးမှ ဂရုမစိုက်ဖြစ် အောင် လုပ်လိုက်ဟန်တူသည်။ ဒေါသထွက်ပြီး မချင့်မရဲ ဖြစ်နေမည့်ထိုအမျိုးသားကို ချန်ထားရစ်ခဲ့သည်။

သို့သော် ရံဖန်ရံခါ သူမ စာဖတ်ရတာပင်ပန်းသည့် အခါမျိုးမှာတော့ ပြတင်းပေါက်အပြင်ဘက်ရှိ စိမ်းညှို့နေ သည့်သစ်ပင်များကို စိုက်ကြည့်နေလိမ့်မည်။ ထို့နောက် တော့ သူတို့၏ အရူးအမူးစွဲလမ်းငြိတွယ်ခဲ့ရသော ညတာ အတွင်းက မျက်ရည်တွေ, ချွေးတွေနှင့် တစ်စုံတစ်ယောက် ၏ ရူးသွပ်မှုတို့ကို တွေးကောင်းတွေးနေပေမည်။

အနှေးနှင့်အမြန်တော့ ငါးမိမှာပဲလေ။ ထူးချွန်သော ငါးဖမ်းသမားတစ်ယောက်အနေနှင့် ကုကျင် အလျင်မလို ပါ။

ပြည့်ကျပ်နေသော စာလေ့လာချိန်ထဲ ပြန်ရောက် သွားချိန်မှာတော့ သူမ၏အခန်းဖော် ရှန့်စစ်ယွီနှင့်အတူ စာကြည့်တိုက်နှင့် အိပ်ဆောင်ကို နေ့စဉ်နေ့တိုင်း ကူးနေ ပေလိမ့်မည်။

ဤအခန်းဖော်လေးအပေါ် ကုကျင်၏အမြင်က မဆိုး ပေ။ ပြီးခဲ့သည့်ရက် အနည်းငယ်အတွင်းမှာ သူတို့၏ သူငယ်ချင်းဆက်ဆံရေးက ကြီးကြီးမားမားတိုးတက်လာခဲ့ ၏။

ဖြစ်နိုင်တာကတော့ စာသစ်နှစ်ဆုံးအတွက် ဖိအားက အရမ်းများလွန်းတာကြောင့် ဖြစ်နိုင်သည်။ နောက်ပြီး ဒီရက်တွေမှာ စာကြည့်တိုက်တွင် နေရာတစ်နေရာ ရဖို့ ခဲယဉ်းလှလေသည်။

ပါလေရာဆားလေးတွေဆီက ဒီလိုစကားမျိုး ထွက် လာတာ မအံ့ဩတော့ပါဘူး: ကောလိပ်မှာ ပထမသုံးနှစ် က သူငယ်တန်းလို ဆိုပေမယ့် နောက်ဆုံးနှစ်ကတော့ အထက်တန်းကျောင်းကို ခုန်ကူးလိုက်သလိုပဲတဲ့။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Donde viven las historias. Descúbrelo ahora