Extra 6

4.9K 108 10
                                    

Uni

"ကိုသုတ"

သူဌေးခိုင်းထားသော အလုပ်ကိုလုပ်ရန် ထွက်လာသော သူ့အား ခေါ်သံကြားသောကြောင့် ခြေလှမ်းတွေကို ရပ်တန့်မိသည်။

လှည့်ကြည့်မိတော့ တည်ငြိမ်လှပလွန်းသည့် အမျိုးသမီး
အေးချမ်းသည့် မျက်နှာထက် စိုးရိမ်စိတ်တစ်ချို့ ကပ်တွဲနေပုံပေါ်သည်။

ထိုအမျိုးသမီးကား သူဌေး၏ နှစ်ယောက်မရှိသော မဟေသီပင်။

"မခွန်းသံသာချို

ကျွန်တော့်ကို အရေးတကြီး
ဘာများခိုင်းစရာရှိလို့လဲ"

"မဟုတ်ပါဘူး
ကျွန်မ ကိုသုတကို မေးစရာလေးရှိလို့ပါ
ရှင့် ဥက္ကဌ အကြောင်းလေ"

"ဗျာ"

ဒီအခြေအနေက ဘာများလဲ
ထူးဆန်းလွန်းသည်မဟုတ်ပါလား

အမြဲတမ်းနှစ်ကိုယ့်တစ်စိတ်ဖြစ်နေသူနှစ်ယောက်က
၁နှစ်ဆိုတဲ့ အိမ်ထောင်သက်တမ်းအတော်အတွင်း သူဌေးနဲ့ သူဌေးကတော် စိတ်ဝမ်းကွဲတာ သူတစ်ခါမှ မမြင်ဖူးခဲ့။
သူတို့ကြား အနည်းငယ်ကွဲလွဲမှုတွေ ရှိနိုင်သော်ငြားလည်း အပြင်ကို အနည်းငယ်မျှ ပေါက်ကြားခွင့် မပြု။
သူဌေးက အားလုံးကို ဖြေရှင်းခဲ့သည်သာ။

သူ့ဇနီးသည် မျက်နှာတစ်ချက် မညှိုးဖို့က သူ့အတွက် အကြီးမားဆုံး တာဝန်ကြီးလို့ မှတ်ယူထားသူကြီး။
လက်ထပ်ပြီးမှ လူရှေ့မရှောင် သူရှေ့မရှောင် ဂရုစိုက်တတ်မှုများကြောင့် တစ်ရုံးလုံးကတောင် သြချထားရသည်မဟုတ်ပါလား။
ဒါတောင် မခွန်းသံသာချိုက သိပ်ရှက်တတ်သည့် မိန်းကလေးမို့ သူဌေး အလျော့ပေးထားခြင်းတဲ့။
သူ့သူဌေး ချစ်တတ်မှုကြီးကို သူကိုယ်တိုင်ပင် လိုက်မမှီနိုင်။

"ကိုသုတ ဘာတွေစဥ်းစားနေတာလဲ"

တစ်စုံတစ်ခုကို စူးစိုက်တွေးတောနေဟန်ပေါ်သော ကိုသုတကြောင့် ခွန်းသတိပေးလိုက်ရသည်။

အေးလေ တွေးလည်းတွေးချင်စရာ
ခွန်းက မောင့်အကြောင်းကို တခြားသူအား ဘယ်တုန်းကမှ မမေးဘူး။
မောင့်ကို တိုက်ရိုက်မေးရင်မေး မမေးရင် မောင့်ပြောမည့်အချိန်ကို စောင့်သည်သာ။

You had me at helloWhere stories live. Discover now