Epi(21) Unicode

8.8K 736 22
                                    

အပိုင်း(၂၁)

လက်တလောတွင်နာမည်ကြီးနေသည့် ကော်ဖီဆိုင်တစ်ခုတွင် ဆူး‌ဒေ၀ီနှင့်ရတုရှင်းဟန်တို့ ခီတန်ကူးဇဏ်အား ထိုင်စောင့်နေကြသည်။

ဆူး အပြင်သို့လှမ်းကြည့်နေစဉ် ဆိုင်ကယ်နက်ပြာလေးအား ရပ်ပြီး ဆိုင်တွင်းသို့ဝေ့ဝဲကြည့်နေသော ခီကူးအားမြင်သဖြင့် လက်လှမ်းပြလိုက်သည်။ ဆူး၏ဘေးတွင်တော့ တလောကလုံးကိုအဖက်မလုပ်သည့်ပုံစံဖြင့် စာအုပ်တစ်အုပ်ကို ဖွင့်နေသော ရတုက မျက်လုံးတစ်ချက် လှန်ကြည့်၏။

ခီတန်ကူးဇဏ်က helmetကို ချွတ်ကာ ဆိုင်အတွင်းသို့ တစ်လှမ်းချင်း၀င်လာ၏။ဆိုင်ထဲမှ ကောင်မလေးတချို့၏ မျက်လုံးများကလည်း ခီကူးထံတွင် ဝေ့ဝဲနေလျက်ရှိသည်။
ထိုသည်ကို ဆူးကကြည့်ပြီး မဲ့ရွဲ့သည်။

အလကား သူကိုယ်သူချောတယ်ဆိုပြီး မာနကြီးနေတဲ့ကောင်!!

ဆူးဘေးသို့၀င်ထိုင်လိုက်သောအခါတွင်လည်း သူ့ရဲ့မူပိုင် လိမ္မော်ရနံ့သင်းသင်းလေးက မွှေးပျံ့‌နေသည်။

"ဘာတွေမှာထားလဲ "

ဆူးက စားပွဲသို့မေးငေါ့ပြကာ ဆတ်ကနဲထပြော၏။
"နင်မမြင်ဘူးလား "

"မြင်တယ်လေ နည်းနေလို့ လာမပို့သေးတာလားလို့ "

ဇဏ်က ပြောပြီးတာနဲ့ ဆူးကိုစိုက်ကြည့်သည်။ ပြီးမှ…

"ဆူး နင်ဒီရက်ပိုင်း ငါ့ကိုဘုဘောက်နဲ့ ဘာတွေမကျေနပ်နေတာလဲ "

"အဟမ်း ဘာမှမကျေနပ်တာမရှိပါဘူး ၊ ခီကူးဘာသောက်မလဲမှာလေ"

"တော်ပြီ ငါဗိုက်မဆာဘူး ။ ဘာမှလည်းမသောက်ချင်ဘူး"

"မင်းလည်း သူ့ကိုအရေးလုပ်လို့ အဲ့ကောင်မလေးကခွေးစိတ်ကို အခုကျတစ်မျိုး တွေ့တယ်မလား "

ရတု၀င်ပြောတော့ ဆူးကရတု၏ ဘက်မောင်းကို ဖတ်ခနဲ ရိုက်သည်။

ဆူး မကျေနပ်တာတော့အမှန်။ ကိုယ်သဘောကျတဲ့သူကို ကိုယ့်သူငယ်ချင်းက ကြိုက်နေတာကို ဘယ်လိုလူက ကျေနပ်နေပါ့မလဲ ။ ဒါပေမဲ့ သူတို့နှစ်ယောက်သာ တကယ်တွဲဖြစ်ရင် လိုက်ဖက်နေမှာတော့ ငြင်းမရ။
ဘာဘဲဖြစ်ဖြစ် စရိတ်ငြိမ်း ဟာဝိုင်အီကို ခေါ်ထားတဲ့မျက်နှာရှိတော့ မျက်နှာကြောတော့တင်းထားလို့မရဘူးလေ။

Love Of My Life [Completed]Where stories live. Discover now