" သခင်လေး !!!.. သခင်လေး "
မနက်စောစောစီးစီး အခန်းရှေ့တံခါးလာခေါက်လာနေတဲ့ မိလှိုင်ကြောင့် အရင်နိုးလာသူက လွန်းတာနေဆန်းပင်....ဘေးနားက ဟန်နရီကတော့ တချက်လေးတောင် သိမဲ့ပုံပင်မရ လွန်းရဲ့ခါးကိုဖက်ထားကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်
" ဟိတ်လူ...အခန်းရှေ့မှာ မိလှိုင်ခေါ်နေတယ် သွားကြည့်လိုက်အုံး "
ဒီတိုင်းနှိုးရင် မထမှန်းသိတာကြောင့် လွန်းက ဟန်နရီရဲ့ပါးကို ခပ်ဖွဖွလေးဆွဲလိမ်ကာ နှိုးနေရသည်...
" ထတော့လို့....အခန်းရှေ့မှာ မိလှိုင်ခေါ်နေတယ် "
" အချစ်ကလဲ အစောကြီးပဲရှိသေးတာကို မထချင်သေးဘူး "
" မထလို့မရဘူး သူများခေါ်နေတယ်လေ "
"......."
" ကိုကို !! ကျတော်စိတ်တိုလာပီနော် "
" အဲ့တာဆိုလဲ ထမယ် "
" မြန်မြန်ထပီး သွားကြည့်အုံး "
" ကိုကိုလို့ခေါ်လို့ထတာနော် မဟုတ်ရင် မထဘူး "
" ကဲပါ အင်္ကျီအမြန်၀တ်ပီး သွားတော့ သူများခေါ်နေတာကြာနေပီ "
" ဒီတိုင်းသွားတော့ ဘာဖြစ်လို့လဲ "
" အပေါ်ပိုင်းအင်္ကျီချွတ်ကြီးနဲ့သွားမလို့လား ? ခင်ဗျားနော် "
" အချစ်က ကိုယ့်ကိုသ၀န်တိုတာလား "
" မတိုပါဘူး "
" မတိုရင် မသွားဘူးကွာ ပြန်အိပ်တော့မယ် "
လိုချင်တာမရမချင်း ဂျီတိုက်နေတဲ့ကလေးတယောက်လို ပြုမူနေတာကြောင့် မနက်စောစောစီးစီး စိတ်တိုရပြန်တယ်...ကျတော့်ကို အရွဲ့တိုက်ပီး ပြန်လှဲအိပ်နေတဲ့သူကို ကျတော်လဲမနိုင်တာကြောင့် သူ့ပါးလေးကို မနက်ခင်းအနမ်းပေးပီးပဲ ဆုံးမလိုက်ရတော့တယ်...
သူ့ကိုအနိုင်ယူနိုင်တာဆိုလို့ ဒါပဲရှိတာလေ" ဟုတ်ပါတယ် ခင်ဗျားကိုသ၀န်တိုလို့ပါ...မျက်နှာကြီးဆူပုတ်မနေနဲ့တော့ "
" အဲ့တာဆို ကိုယ့်ကိုချစ်လား "
" ချစ်တယ် "