|Extra 4|

1.8K 275 9
                                    

[Unicode]

ဝိညာဉ်နဲ့နတ်ဘုရားများ။

ဟယ်ရှင်းချွမ်ဟာ အလုပ်ထဲမှလူတွေဆီက ကြားလာတာဖြစ်ရမယ်။ မြို့စွန်နားမှာရှိတဲ့ ဘုရားကျောင်းတစ်ခုက အလွန်တန်ခိုးကြီးမားတယ်တဲ့လေ။
ယုံကြည်မှုအပြည့်နဲ့ ဝတ်ပြုတောင်းဆိုပါက၊ သေချာပေါက် ဆန္ဒတွေပြည့်ဝမယ်ဆိုပဲ။

ပိတ်ရက်တစ်ရက်မှာ၊ ဟယ်ရှင်းချွမ်က ယန်ထန့်ကိုပါခေါ်ပြီး ထိုဘုရားကျောင်းဆီထွက်လာတယ်။

လာရောက်ဝတ်ပြုသူတွေ အများကြီးပဲ။
ပိတ်ရက်မို့လို့ရယ်လားမသိ၊ သာမန်အချိန်တွေထက်တောင် လူဦးရေများပြားလွန်းနေတယ်။

ကားကို တောင်ခြေမှစားသောက်ဆိုင်တစ်ခုအနား ရပ်ထားလိုက်တယ်၊ လမ်းပိတ်မှာကိုစိုးရိမ်ရလို့လေ။
အဆာပြေစားသောက်လို့အပြီးမှာ၊ ယန်ထန်နဲ့အတူ တောင်တက်ခရီးလေးကိုစတင်ပါတယ်။

တောင်ပေါ်မတက်ခင်မှာပဲ၊ ကားလမ်းမကြီးဟာ ကားတွေပိတ်ဆို့နေခဲ့ပါပြီ။
ဟယ်ရှင်းချွမ်က ယန်ထန့်ဘက်ခေါင်းလှည့်လာတယ်...သူ့အကြည့်တွေက 'တွေ့လား! ငါက ဒီလိုဖြစ်လာမှာကို ကြိုသိနေပြီးသား! ငါ့ကို ချီးကျူးလိုက်စမ်းပါ!' ဟုပြောနေသည့်အလားပင်။

ယန်ထန်က ဟယ်ရှင်းချွမ်ဆံပင်လေးတွေကို လှမ်းဖွတယ်။ ထိုအခါမှပဲ၊ ဖြူလေးဟာ ကျေနပ်သွားတယ်။

တောင်တက်လမ်းရဲ့အဝင်လေးက အပြာရောင်ကျောက်ပြားတွေနဲ့ခင်းကျင်းထားတယ်။
အရှေ့မှာက ညီညာပြန့်ပြူးသောမြေသားလမ်းမကြီး။

အပြာရောင်ကျောက်ပြားတွေကိုပါ၊ ဂါရဝပြုနေသူတစ်ချို့ကိုလည်း တွေ့မြင်နိုင်တယ်။

ဟယ်ရှင်းချွမ်က တောင်ထိပ်အထိတက်သွားချင်တာ...ယန်ထန်ကလည်း သဘောတူညီပေးတယ်။

တောင်တက်လမ်းတစ်လျောက်မှာ၊ လူသူနည်းပါးနေတယ်။ လေထုဟာဖြင့် လတ်ဆတ်စွာ။

ငှက်တို့ရဲ့တကျိကျိအော်မြည်သံဟာ ဦးခေါင်းအထက်မှထွက်ပေါ်လာသလိုပင်...အပေါ်ကိုမော့ကြည့်မိတော့ ပြာလွင်သောကောင်းကင်ကျယ်။

ဟယ်ရှင်းချွမ်က ဟောဟဲဆိုက်နေရပြီ။
တောင်ထိပ်ရောက်ချိန်မှာ၊ စကားသံတောင်မထွက်နိုင်တော့ဘူး။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now