အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။

4.8K 943 45
                                    

Unicode

အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။

[မီးတိုင်ထွန်းနည်းကိုသိတာက ဘာတွေများ ကြီးကျယ်နေလို့လဲ?!]

ကုဖေးတိ၏ အသက်ရှူသံ ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် ဒေါသထွက်သွားပြီး ခဏတာ ငြိမ်သက်နေခဲ့သည်။ ထို့နောက် အံကြိတ်လျက် ဆို၏။

"အဲဒီကောလဟာလတွေ မင်းနဲ့ မထိုက်တန်ဘူးလို့ ငါတွေးခဲ့တာ။ မင်းက ဂရုမစိုက်​ဘူးဆိုမှတော့ အများကြီး လျှောက်မေးမိတဲ့ ငါ့အမှားပဲ"

အမှောင်ထုကို အခွင့်ကောင်းယူပြီး စုယန်သည် သူ့ပုံရိပ်အား မထိခိုက်စေဘဲ မျက်လုံးလှန်လိုက် လေသည်။

တိလင်းသည် မီးပုံးကိုကိုင်ဆောင်ကာ တောင်လမ်းဆီသို့ အမြန်ပြန်လာခဲ့သည်။

အလင်းရောင်ရှိလာသောအခါ စုယန်နှင့် ကုဖေးတိသည် ခွန်အားများစွာစိုက်ထုတ်ပြီး လမ်းလျှောက်ရန် မလိုအပ်တော့ပေ။ သူတို့သည် စောစောက အမှောင်ထဲ၌ ဘာမှမပြောခဲ့ကြသည့်အတိုင်း တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့ကြသည်။

ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် သူတို့ သုံးယောက်သည် ဝါးတောအတွင်းရှိ ပန်းများနှင့် သစ်ပင်များ ပြည့်နေသော ဝင်းငယ်တစ်ခုဆီသို့ ရောက်လာကြသည်။ ခြံဝင်းအတွင်းရှိ သစ်ပင်များသည် စိမ်းလန်းစိုပြေနေပြီး ထိုအချိန်တွင် နှင်းဆီများနှင့် ခရမ်းနုရောင်ပန်းများ ပွင့်လန်းနေကာ အေးမြသော ညချမ်းလေသည် နွေးထွေးသောပန်းရနံ့များကို သယ်ဆောင်လာပေသည်။

(T/N : ခရမ်းနုရောင်ပန်းဆိုတာ lilac ကို ပြောတာပါ)

(T/N : ခရမ်းနုရောင်ပန်းဆိုတာ lilac ကို ပြောတာပါ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now