84

7.5K 1.4K 36
                                    

Unicode

“ရုတ်တရက် ဘာလို့တိတ်ဆိတ်သွားပြန်တာလဲ..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ မျက်နှာကို သူ့ရဲ့ရင်ခွင်ထဲ ထည့်ထားပြန်တာကြောင့် ရွှယ်ယို့ရှန်းခမျာ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ မမြင်လိုက်ရဘူး။ ထို့ကြောင့် အသံနားထောင်ပြီး ခန့်မှန်းကြည့်လိုက်တယ်။

သူခံစားမိသလောက်ဆို ရင်းဆုယဲ့က သူ့ကို ပွေ့ချီပြီး တစ်နေရာကို ခုန်ထွက်သွားခဲ့တယ်။ ပြီးတော့ လှုပ်ရှားခဲ့တယ်။ မူလနေရာကို ပြန်ရောက်လာတော့ လှုပ်ရှားမှုရပ်တန့်သွားပြီး မတ်တပ်ရပ်နေခဲ့တယ်။ ပြီးတော့ ဘာလှုပ်ရှားမှုမှ မရှိတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။

ရင်းအိမ်တော်ကဟာတွေ ခုနကပဲ သတ်မယ်ဖြတ်မယ်တကဲကဲ လုပ်နေကြတာလေ၊ ဘယ်လိုဖြစ်လို့ ‘pause (ရပ်တန့်သည်)’ ဆိုတဲ့ခလုတ်ကို နှိပ်လိုက်သလိုမျိုး ဘာလှုပ်ရှားမှုမှ မရှိတော့တာပါလိမ့်..? ဇာတ်ကြောင်းပြောင်းသွားပြန်ပြီလား..?

ရွှယ်ယို့ရှန်းတစ်ယောက် စိုးရိမ်တကြီးနဲ့ ရင်းဆုယဲ့ရဲ့ ရင်ခွင်ထဲကနေ ထပ်မံရုန်းထွက်ရန် ကြိုးစားလိုက်တယ်။

“ဘာမှမဟုတ်ပါဘူး..”

မရပ်မနားရုန်းကန်နေတဲ့ သူ့ရဲ့ရင်ခွင်ထဲကကောင်လေးကို ငုံ့ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ပြန်လည်အကဲခတ်လိုက်တယ်။ သွေးတစ်စက် မမြင်ရတော့မှ ရွှယ်ယို့ရှန်းကို အသာအယာ လွှတ်ပေးလိုက်တယ်။

“ခုနက ဘာတွေဖြစ်သွားတာလဲ..?”

ခေါင်းမော့ကြည့်လိုက်တဲ့အချိန် အရမ်းအံ့ဩဖို့ကောင်းတဲ့ မြင်ကွင်းမျိုးကို တွေ့ရလိမ့်မယ်လို့ ရွှယ်ယို့ရှန်းတစ်ယောက် မထင်ထားခဲ့ဘူး။ ရင်းမင်နဲ့ဘိုးဘေးတွေအပါအဝင် ရင်းအိမ်တော်ကလူတွေ၊ သူတို့ရဲ့မျက်နှာအမူအရာက သရဲတစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး ထိတ်လန့်နေကြလေရဲ့။

ရှေ့မတိုးရဲသလို အော်ဖို့လည်းမဝံ့ရဲ၊ တိုက်လည်းမတိုက်ခိုက်ရဲ၊ ဘာမှမလုပ်ရဲတဲ့ အပြုအမူမျိုး..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now