Arc.9.15
1.5K 267 5
Shun သည် အဖိုးတန်လွန်းလှသဖြင့် မေ့လျော့မိနေသည့် သူ၏ သက်တမ်းအား စစ်ကြည့်ဖို့ သတိရသွားတော့၏ ။
အမည် - ယဲ့ယောင်ရှီး
အလုပ်အကိုင် - ယဲ့ မိသားစု ခေါင်းဆောင် /
သေဆုံးရသည့် အကြောင်းအရင်း - ရုတ်တရက် နှလုံးထဖောက်ခြင်း
ရှင်သန်ခြင်းအမှတ် - ၅၀၄၈၀ မှတ်
လက်ရှိသက်တမ်း - ( ငါးနှစ် )
အရည်အချင်းများ - •••
......etc...
Shun သည် စာကြောင်းများအား ကျော်ခွကြည့်ပြီးနောက် သူနဲ့ မရင်းနှီးသည့် နာမည်နဲ့ အချက်အလက်များကြောင့် ကြောင်အသွားပြီးမှ စုတ်တစ်ချက်သတ်လိုက်သည် ။ ' ငါ အခုထိ ID အတုသုံးနေတာကို မေ့နေတာဟ .. '
သူသည် အယ်လ်နဲ့ မတူဘဲ သူ့ခန္ဓာကိုယ်က ရန်သူ၏ လက်ထဲတွင်ရှိကြောင်း သိပေသည် ။ သို့အတွက် သူ့အား ရှာဖွေတွေ့ရှိနိုင်ချေအား ထည့်တွက်ထားသဖြင့် ID သည် အစစ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ် သူ့အတွက် အရေးမကြီးပေ ။ သူက အသက်အန္တရယ်ဖြစ်မည်ကို စိုးရိမ်ခြင်းမရှိပါ ။ သို့သော် ဒီပုံရိပ်ယောင်လောကထဲတွင် သူက ကြိုးဆွဲရာကနေရသည့် ရုပ်သေးတစ်ခုဖြစ်ပြီး ဒီနေရာထဲတွင် ပိတ်မိနေရမည့် အခြေအနေကိုသာ စိုးရိမ်‌သည်။
" အစ်ကို့ .. ညီမတို့ အမဲလိုက်အဖွဲ့ကို ဝင်ဖို့ဆန္ဒရှိပါသလား " Shun ၏ အာရုံက အပြင်လောကသို့ ပြန်ရောက်လာချိန် သောက်ရှုးကြယ်အလား တောက်ပသည့် မျက်ဝန်း‌လေးများအား တွေ့လိုက်ရသည် ။ သူ့ပုခုံးလောက်သာ မြင့်သည့် ကောင်မလေးသည် သူ့အား မော့ကြည့်နေပြီး မျှော်လင့်ချက်များဖြင့် တောက်ပနေသည့် အကြည့်များက အမျိုးသားအများစုအား အရည်ပျော်ကျသွားစေနိုင်လေသည် ။
ဝတ်ထားသည့် ဝတ်ရုံရှည်ကြောင့် Shun သည် မှော်ဆရာလိုလို အသွင်အပြင်ဖြစ်နေသည်ကို သူ့ဘာသာသတိထားမိလိုက်၍ ဆောင်းထားသည့် ခေါင်းဆောင်းအား ချွတ်လိုက်ပြီး ဝတ်ရုံရှည်အား ဖယ်ရှားလိုက်ကာ ညင်သာစွာပြုံးလိုက်သည် ။ " အားနာပါတယ် .. စိတ်မဝင်စားဘူး "