အပိုင်း ၄၆

2.7K 96 0
                                    

(unicode)

အခန်းတံခါးပွင့်လာလျှင် မျက်နှာတည်နေသော ဂျိုးဇက်ကို ဦးစွာတွေ့လိုက်ရ၍ ဘေးသို့ အမြန်ကပ်လျက် သွားလမ်းပေးလိုက်သည်။ ပြီးမှလျှင် သခင်ကြီးဦးမင်းမောင်ရှိရာ အခန်းတွင်းသို့ ဝင်ခဲ့လိုက်သည်။

" ဒေါက်တာ "

" ဗျာ သခင်ကြီး "

" ဘဘကြီးလို့ခေါ်ဖို့ ပြောထားတယ်လေ၊ ဒေါက် တာက လက်အောက်ငယ်သား အလုပ်သမားမဟုတ်ဘူး။ သူတို့လို့ လိုက်ခေါ်စရာမလိုပါဘူး "

" ဟုတ်ကဲ့၊ သွေးပေါင်ချိန်ကြည့်ရအောင် "

" ဘာသိချင်လို့လဲ။ သိချင်ရင် မေးလေ "

တစ်ခုခုကိုပြောချင်နေပုံရသော ရှေ့မှဒေါက်တာလေးကိုကြည်၍ ဦးမင်းမောင်မေးခွန်းထုတ်လိုက် ၏။

" ဟို ဟိုဒီ ကိစ္စ။ ဒေါင်းမာန်ဆိုတာ XZ အုပ်စုက မလား။ သူတို့လည်း ဘဘကြီးတို့ လို့ အင်း..."

" ဒေါင်းမာန်ကိစ္စလား "

မေးချင်သော်လည်း မဝံ့မရဲဖြစ်နေသူကိုကြည်၍ စကားကူဆို ပေးလိုက်သည်။

" အင်း "

" ဟူး...ဒေါင်းမာန်ကိစ္စဆိုတာထက် သူ့အဖေကိစ္စဆို ပိုမှန်တယ်ကွယ်။ ဟင်း..."

ပင့်သက်ချလိုက်ပြီး တစ်အောင့်ကြာမှ စကား ဆက်လာ၏။

" အကြောင်းရာအကျဥ်းရယ်ဆိုရရင်တော့ ဘဘကြီးရဲ့ သမီးသေဆုံးမှုမှာ မင်းထွဋ်ခေါင်ပါဝင်ပတ်သက်နေလို့ပဲ။ ဒါကြောင့် သူ့သားကို စောင့်ကြည်နေတာ။ သားသမီးဆုံးရှုံးခဲ့ရတဲ့ ဖခင်တစ်ယောက်ရဲ့ခံစားချက်ဝေဒနာကို ကိုယ်တိုင်ခံစားကြည့်ခိုင်းမလားလို့လေ။ မဟုတ်မှ ဒေါက်တာလေးက XZ အုပ်စုမှာ ရှယ်ယာဝင်ထားလို့လား "

" မဟုတ်ပါဘူးဗျ။ ဒီတိုင်း "

" အခွင့်ရရင်ဝင်ထားတာ မမှားဘူး ဒေါက်တာလေး။ စီးပွားရေးနယ်ပယ်မှာ XZအုပ်စုက top
ပဲမလား "

" ဟုတ် ဟုတ်ကဲ့ "

ဂျိုးဇက်သည် စိတ်ရှုပ်ထွေးမှုရှိချိန်တိုင်း အရက်သောက်ခြင်း၊ အပျော်ပါးရှားခြင်းတို့ဖြင့် စိတ်အေးချမ်းမှုရှာဖြစ်၏။ လက်ရှိ၌ အရက်သောက်နေသော်လည်း စိတ်သည် မအေးချမ်းနိုင်သေး။ အပျော်ပါးအတွက် ခေါ်ထားသောကောင်လေးကိုလည်း ပြန်လွတ်လိုက်ပြီး ဖြစ်၏။ စိတ်အစဥ်တွင် အတွေးတချို့တို့ဖြင့် ရှုပ်ယှက်ခက်နေပေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now