2

4.9K 617 7
                                    

[Unicode & Zawgyi]

စာသင်ချိန်က မြန်မြန်ပဲပြီးသွားခဲ့တယ်။ ခေါင်းလောင်းမြည်သံကြားလိုက်တာနဲ့ အချက်ပြမှုတစ်မျိုးမျိုးကို ရလိုက်တဲ့အလား ရှန်ဖုန်းယွဲ့ဘေးက အရူးက ညာဘက်ကနေ ခုန်ထလာပြီးတော့ ရှန်ဖုန်းယွဲ့ကျောပေါ်ကို ခုန်အုပ်လိုက်တယ်။

ပြီးတာနဲ့ ဟက်စကီးခွေးအကြီးကြီးတွေလိုမျိုး သူ့ခန္ဓာကိုယ်ကို ရှန်ဖုန်းယွဲ့ပေါ်ကို မှီချကာ တင်းတင်းကျပ်ကျပ် ဖက်ထားပြီးတော့ သူ့နာမည်ကို အော်ခေါ်နေခဲ့တယ်:"ကျန်း! ကျန်း!"

သူ့ဆီက အဖက်ခံရတဲ့ ရှန်ဖုန်းယွဲ့ကတော့ အူယားစရာပိစိသေးသေးလေးဖြစ်သွားပြီးတော့ သူ့အပြုအမူတွေကြောင့် စိတ်ရှုပ်တဲ့ပုံဖြစ်နေခဲ့တယ်။

သူက သတိပြန်ကပ်လိုက်ပြီးတော့ ချက်ချင်းပဲ သူ့ကို ခါချလိုက်တယ်။

ဝေ့ထျန်းဇယ် ကတော့ စွန့်ပစ်ခံလိုက်ရလို့ ၀မ်းနည်းပူဆွေးသွားခဲ့တယ်။ သူက ထပ်ပြီး ခုန်အုပ်ဖို့ကြိုးစားလိုက်ပေမဲ့ ရှန်ဖုန်းယွဲ့ ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူကြောင့် ထိတ်လန့်သွားခဲ့တယ်။ သူက ရှန်ဖုန်းယွဲ့ရဲ့ လက်မောင်းကိုဆွဲပြီး အတင်း ထိုင်ခုံပေါ်ကနေ ဆွဲချတော့တာပဲ။

"ကျန်း! သန့်စင်ခန်း တူတူသွားကြရအောင်နော်!"

ရှန်ဖုန်းယွဲ့ ,"......"

System က မတတ်သာတဲ့ပုံစံမျိုးနဲ့ သက်ပြင်းချပြီးပြောလိုက်တယ် , "မင်း က အရမ်းကို ဂေးနေတာပဲ"

ရှန်ဖုန်းယွဲ့ က ပြန်ပက်လိုက်တယ် , "တိတ်စမ်း"

System , "ရှန်ဖုန်းယွဲ့ , ရှန်ဖုန်းယွဲ့ , သန့်စင်ခန်း တူတူသွားကြရအောင်နော်!"

ရှန်ဖုန်းယွဲ့ , "........." အာ , တော်တော်ကို အာရုံနောက်တာပဲ။

ဝေ့ထျန်းဇယ် က တကယ်ကို အားသန်တယ်။ ရှန်ဖုန်းယွဲ့ က မလိုက်ဘဲ အင်တင်တင်နဲ့တင်းခံနေတာတောင် သူ့ကို သန့်စင်ခန်းထိ အားနဲ့ ဆွဲခေါ်သွားခဲ့တယ်။ အခုဟာကြောင့် ရှန်ဖုန်းယွဲ့ က ဘာကို သွားသတိရမိလဲဆိုတော့ ကောင်မလေးတစ်ယောက် ဟက်စကီးခွေးကြီးနဲ့ လမ်းလျှောက်တုန်း အဲ့ခွေးက ထပြေးလို့ လည်ပတ်ကြိုးကိုင်ထားတဲ့ ကောင်မလေးပါ နောက်ကနေတရွတ်ဆွဲပြီး ပါသွားတဲ့ပုံကိုပဲ။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now