Part 8

12.5K 654 5
                                    

အိမ်ပြန်လိုက်ပို့တတ်သည့်မြတ်ကြောင့်
ဖေဖေ က ရိပ်မိနေသလို

အိမ်ရှေ့ထိုင်ခုံမှာမှာထိုင်နေသည်

​မြတ်ရဲ့အနက်ကောင် ကားပေါ်တွင်

:ပြန်တော့ ဟိုမှာတွေ့လား
ဖေဖေစောင့်နေတာ

​နွယ်ပါးပြင်ကိုထိန်းကိုင်ကာနမ်းလိုက်သည်မို့
သူ့နားရွက်ကိုအသာဆွဲ​လိုက်သည်

: မင်းနော် အသားယူတာများနေတာ
နောက်နေ့ကစပြီး တို့နဲ့ ၁ပေ အကွာမှာနေ

:ဟာ အန်တီ က ရက်စက်တာကွာ
​မြတ် မနေတတ်တာသိရဲ့နဲ့

:မရဘူး နေကိုနေရမယ်
ပြောထားတာနားမထောင်ရင်
နောက်နေ့ဒီထပ်ပိုဆိုးမယ်

: ဟုတ်ပြီ အဲ့ဆို အန်တီ့လဲ မြတ်ကိုမထိနဲ့

:ဘာ မရပါဘူး
ဒီစည်းကမ်းချက်ကို တို့အရင်ပြောတာ
တို့ပြောတာဘဲ နားထောင်ရမှာ

မြတ်ရဲ့နှဖူးလေးကိုလက်ညိုးဖြင့်
တွန်းလိုက်ရင်းဆိုသည်

:အဲ့ဒါ​တော့ မတရားဘူးကွာ

: မသိဘူး တို့မင်းကိုနမ်းချင်တဲ့ချိန်နမ်းမယ်
မင်းကတော့ တို့ ကို အသားလာမယူနဲ့ ကြားတယ်နော်

:ဪ ဪ မြတ်အန်တီ့ကို
နမ်းတာကျအသားယူတယ်
အန်တီမြတ်ကိုနမ်းရင်ကျ ချစ်လို့ပေါ့ဟုတ်လား

:ဒါပေါ့

: ဟွန်း တော်တော်တရားကျပါတယ်

ကားအပြင်သို့မျက်နှာလွဲကာ
အလိုမကျသလိုဆိုသည်

: စိတ်ကောက်သွားတာလား

မြတ်ပါးကိုလက်ညိုးဖြင့်တို့ကာဆိုသည်မို့
အန်တီ့လက်ကိုဖယ်လိုက်ကာ

:ဆရာစောင့်နေတယ် သွားတော့

:စိတ်ကောက်သွားတဲ့သူကို
စိတ်ကြိုက်နမ်းပြစ်လိုက်ရမလား

နွယ့်ကိုမကြည့်ဘဲ ရုပ်တည်ထားသည့်မြတ်

:ဒီဘက်လှည့်ပါအုန်း ရုပ်ကြီးကိုက

မြတ်ရဲ့ပါးပြင်ကိုလက်နှစ်ဖက်ဖြင့်ညစ်ကာဆိုသည်

:ရုပ်ဆိုးလိုက်တာကွာ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now