Unicode - 77

5.2K 423 77
                                    

နွေဥတု၏ ရောင်ခြည်ဟာ လင်းလင်းဖြဖြ တောက်ပလို့။
    
တောင်လေသွေးက ပတ်ဝန်းကျင် တစ်ခွင်
ငြိမ့်ငြိမ့်ညောင်းညောင်းလေး လှည့်လည် တိုက်ခတ်နေသည်။
    
ပန်းပေါင်းစုံတို့ ပျော်စံရာ ကျိုတို စံအိမ်ကြီးထဲ နွေးထွေး အေးမြသော လေညင်းလေး တစ်ခု အသာအယာ ဖြစ်ပေါ်နေသည်။

နားထောင်ကြည့်စမ်းပါ။

တစ်ချက် တစ်ချက် ကြားနေရတာက
ညင်သာ တိုးတိမ်သည့် အသံလေး တစ်ခု။

ဖန်သား အချင်းချင်း ထိတိုက်ရာမှ ပေါ်လာတတ်သည့် တေးသွားသံ တစ်သံပမာ။ နားဝင်ပီယံ ချိုမြိန်လွန်းသော သံစဉ်လေး တစ်ခုပဲ ဖြစ်သည်။ သာသာယာယာ လုပ်လီလုပ်လဲ့။ လေ တစ်ချက် ဝှေ့တိုက်သွားတိုင်း အချိန်ကိုက် ထွက်ပေါ်နေသည်။

ရှင်းလင်း ပြတ်သားလွန်းသော ဆည်းလည်းသံလေးလို။
    
သဘာဝတရားကြီးမှ ဖန်ဆင်းပေးထားသော ဂီတသံလေးလို။

ဘယ်ရပ်ဝန်းဆီက တိုးထွက်လာသည့် အသံလေးပါလိမ့်။ ဘယ်လို နတ်ဘုရားမျိုးက သီကုံးလိုက်သည့် သံစဉ်လေးပါလိမ့်။

မေးခွန်း အားလုံး၏ အဖြေက တစ်ခုတည်းသာ။

Furin ဟု ခေါ်သည့် ဖန်ခေါင်းလောင်းလေးများထံမှ ဖြစ်သည်။ Fu ဟူသည် လေပြည်လေညင်း ဟု အဓိပ္ပါယ် ရသည်။ Rin ဆိုတာက ခေါင်းလောင်း ဟု ခေါ်ဆိုနိုင်သည်။ ခြုံငုံရသော် လေ တိုက်တိုင်း အသံ မြည်တတ်သည့် ချစ်စရာ ခေါင်းလောင်းကလေးများပဲ ဖြစ်သည်။ ဖန်သားဖြင့် ဖန်တီးထားသည့် ဖန် ခေါင်းလောင်းကလေးများသာ ဖြစ်ပေသည်။
    
ပုံစံက စက်လုံး သဏ္ဌာန် ရှိကာ တစ်ဖက်ပိတ် ဖန်ခွက်လေးနှင့် ဆင်တူသည်။ အတွင်း၌ ဆေးခြယ်နိုင်သလို ပန်းချီများ ရေးဆွဲနိုင်သည်။ ခေါင်းလောင်း၏ အလယ်ကို ကြိုးဖြင့် သီကာ အသံ မြည်စေရန် ဖန်ချောင်းကလေးကို အူတိုင်အဖြစ် ထားသည်။ တွဲလောင်းကျသော ကြိုး အဆုံး၌ စာမှတ်ကတ် ပုံစံ စာရွက်လေး တစ်ရွက်ကို တွယ်ဆက်ထားသည်။ ထိုစာရွက်ပေါ်၌ ဆုတောင်းစာ၊ ကဗျာ၊ ပန်းချီ စသဖြင့် ရေးသား ဖန်တီးနိုင်သည်။

SUN { Season 1 }Where stories live. Discover now