Chapter 56

27.3K 3.7K 197
                                    

Unicode

Variety Show အဖွဲ့ထဲ စရောက်ခြင်း
__________________________________

အောက်တိုဘာ ၁၅ရက်နေ့တွင် 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》Variety Showကို Fမြို့ Fတက္ကသိုလ်မှာ တရားဝင်ရိုက်ကူးရေးစတင်ခဲ့သည်။ ယန်းချင်းချီတစ်ယောက် ကွမ်မေ၊ဟောဖေးတို့နဲ့အတူတူ လေယာဥ်ပေါ်ကဆင်းလာသည်။ သူ လေဆိပ်ကထွက်ဖို့ လျှောက်နေစဥ် တစ်စုံတစ်ယောက် သူ့နာမည်ခေါ်နေသည်ကို ကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သည့်အခါ ဒါဇင်လောက်ရှိသည့် ကျောင်းသူအရွယ် မိန်းကလေးတစ်စုကိုတွေ့လိုက်ရလေသည်။

တောင်ပိုင်းရဲ့ အောက်တိုဘာလရာသီဥတုမှာ သိပ်မအေးတာကြောင့် အများစုက စကတ်တိုလေးတွေ၊ဘောင်းဘီတိုလေးတွေဝတ်ထားသဖြင့် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေသည်။ ဆံပင်ကို Ponytail မြှောက်စီးထားသည့် ခေါင်းဆောင်မိန်းကလေးမှာ သူတို့ဆင်းလာသည်ကိုတွေ့သည်နှင့် အတင်းပြေးလာကာ သူမလက်ထဲက ပန်းစီးလေးကို ယန်းချင်းချီထံကမ်းပေးလာသည်။ ယန်းချင်းချီက အပြုံးလေးဖြင့်ယူကာ ကျေးဇူးတင်လိုက်သည်။

ကောင်မလေးက အသံချိုလေးဖြင့်

''ကျေးဇူးတင်စရာမလိုပါဘူး ကောကော ကျားယို ''

ယန်းချင်းချီ ပြုံးကာ ''အင်း ကျားယို ''

သူ ပြောနေတုန်း 'ကချက်' 'ကချက်' ဆိုသည့် အသံကို ကြားလိုက်ရသည်။ လေဆိပ်လာကြိုသည့် ဒီလူနည်းစုလေးထဲမှာမှ တစ်ယောက်က DSLR*ကင်မရာကြီးကိုင်ကာ သူ့ရှေ့ကနေ တဖျက်ဖျက်ဖြင့် ဓာတ်ပုံတွေရိုက်နေသည်။ ယန်းချင်းချီ Weiboတွေ Forumတွေထဲ တိတ်တိတ်လေးကျင်လည်နေတာကြာပြီဖြစ်တာကြောင့် ထိုကဲ့သို့ DSLR ကင်မရာဖြင့်ဓာတ်ပုံရိုက်ယူသည့် မိန်းကလေးတွေကို Fan အသိုင်းအဝိုင်းထဲ 'ဖောင့်ကျဲ' ဟုခေါ်ကြမှန်း မှတ်မိသွားသည်။ သူတို့က သူတို့သဘောကျသည့် အနုပညာရှင်တွေကို ဓာတ်ပုံရိုက်ယူပြီး ပုံကိုအလင်းအမှောင်အနေအထားပြင်ကာ လူကိုယ်တိုင်လာမတွေ့လိုက်ရသည့် တခြားFanတွေအတွက် Weiboပေါ်မှာပြန်တင်ပေးသည်။

(T/N : DSLR= Digital Single-lens Reflex)

သတိပေးခြင်းမရှိပဲ ရုတ်တရက်ကြီး ဓာတ်ပုံအရိုက်ခံလိုက်ရတော့ ယန်းချင်းချီ ကျင့်သားမရသေးသလို ခံစားလိုက်ရသည်။ သို့သော် သူကိုယ်တိုင်ကလည်း ဒီကိုမရောက်လာခင်က ဓာတ်ပုံတဖျက်ဖျက်အရိုက်မခံဖူးသူတစ်ယောက် မဟုတ်တာ​ကြောင့် အနည်းငယ်ကြောင်အသွားသည့် သူ့အမူအရာလေးကို အပြုံးဖြင့်ဖုံးကာ ကွမ်မေတို့နဲ့အတူတူ လေဆိပ်ကထွက်လာလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now