Part(19)

6.6K 559 35
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

"မင်းဘာပြောချင်တာလဲ"

"ချိုမြိန်တဲ့ နှုတ်ခမ်းတစ်စုံအကြောင်း..."

   အနဂ္ဂ၏ ထိုစကားကြောင့် မျက်လုံးဝိုင်းဝိုင်းတ်ို့က အံ့သြရိပ်သန်းသွား၏။ ပြီးတော့မှ မျက်ဝန်းတို့အား အခြားတစ်ဖက်သို့ ရှောင်တိမ်းသွားရင်း...။

    "သွားကြရအောင်"

    တိုးတိတ်ညင်သာစွာဆိုပြီး ရှေ့မှ ထွက်သွားသူအား အနဂ္ဂ စိုက်ကြည့်မိပြန်သည်။ ဒီလိုဆို ထိုလူက ဟိုနေ့ကကိစ္စကို သိနေခဲ့သလား ၊ တကယ်ပဲ မသိခဲ့​​ပေလား သူမသိတော့။ ထိုအနမ်းများကြားမှာ မြေမခသော,ဟာ သတိရှိနေခဲ့သလား။သူမ​မှန်းဆနိုင်တော့။ တကယ်ပါ။ ဒီလူဟာ မှန်းရခက်တဲ့ ပဟေဠိလှလှ တစ်ခု...။

    "ဟေ့ စောင့်ဦးလေ"

    "မြန်မြန်လာပေါ့"

    လမ်းတစ်လျှောက်မှာရှိတဲ့ စိုက်ခင်းများ၊မြစ်ခင်းများနှင့် သစ်ပင်ပန်းမန်တို့ရဲ့ အပေါ်မှာ နှင်းမှုန်နှင်းခဲလေးများက တွဲခိုနေကြသည်။ခတ္တ လမ်းလျှောက်ပြီးနောက်ဝယ် နှင်းဖြူဖြူ​များ တန်ဆာဆင်ထားသည့် ​ရေခဲကွင်းပြင်ကြီးအား ရင်သက်ရှုမောဖွယ် လှမ်းမြင်နေရပြီ ။

   "ဝါး...လှလိုက်တာ"

    ဖန်သားလို နှင်းခဲကြည်ကြည်​လေးများအတွင်း သစ်ရွက်စိမ်းစိမ်းလေးများ သိုလှောင်ထားသည့်အလား သဘာဝတရားတို့က မျက်လှည့်ဆန်၏။ပင်အိုအို၊အရိုးပြိုင်းပြိုင်း အကိုင်းအခက်များ၌ ဆီးနှင်ဖတ်ကလေးများက တွဲလျားကျနေကြသည်။ အဝေးမှ လှမ်းမြင်နေရသည့် အိမ်ခေါင်မိုးနီနီတို့အားလည်း ဖြူဖတ်ဖတ်အရာလေးများ ကွက်တိကွက်ကြား နေရာယူထားကြပြန်သည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now