Chapter-48

14.8K 1.4K 115
                                    

Unicode

နှလုံးသားအား တစ်ဖန်ပိုင်ဆိုင်ခြင်း ၄

"သူ ဘယ်တော့ ပြန်သတိရမယ်ထင်လဲ"

"အာ... မပြောတတ်သေးဘူး"

"ဆရာဝန်တစ်ယောက်ရဲ့ ခန့်မှန်းချက်အနေနဲ့ဆို သူ ပြန်သတိရသင့်နေပြီမဟုတ်လား"

"ဒါက ခန့်မှန်းချက်ပဲကို ..သူမကြာခင် သတိရမှာပါ"

"အင်း..ရပါစေလေ...ဟင်း.."

ဒေါက်တာ မျိုးညီညီ၏ သက်ပြင်းချသံနှင့်အတူ ကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေသူထံ ချစ်နိုင်းကြည့်လိုက်မိသည်။ ဖြူဖျော့လွန်းသူ၏ ရင်ဘတ်တို့ဟာ အသက်ရှူမှုကြောင့် ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတာကလွဲလျှင် နည်းနည်းမှ လှုပ်ရှားမှုမရှိ။ လူနာဟာ  သတိမေ့နေဆဲဖြစ်သည်။

တိတ်ဆိတ်သည့် အခန်းထဲတွင်တော့ တတီတီမြည်နေသည့် စက်တို့က လူနာမြုပ်လုအောင်  ဘေးပတ်လည် နေရာယူလို့ထားသည်။ ဒီလူနာကို စတွေ့တုန်းက အလန့်တကြား ပြေးလာခဲ့ရတာကို မှတ်မိသေး၏။ ချစ်နိုင်းနှင့် ဆုံတော့ လူနာဆေးရုံရောက်တာ သုံးရက်လောက်ရှိပြီထင်။ ရုတ်တရက် အသက်ရှူရပ်တန့်တော့မလို အော်မြည်နေသည့် စက်သံတွေကြားမှာ အထူးကုတွေ ၊ ဆရာဝန်တွေ သူ့ကို ဝိုင်းကယ်ဆယ်ထားခဲ့ကြရသည်။ အသက်ရှင်ချင်စိတ်လေး ပြင်းပြခဲ့ရှာလေသလား။ သူ့အသက်ရှူသံလေး တစ်ခုချင်းစီက အားလုံးရဲ့ ကံကောင်းမှုအဖြစ် ပြန်ရောက်လာခဲ့သည်။

ဘေးကနေ ကြည့်နေခဲ့ရသူ ချစ်နိုင်းကတော့ ထိုစဉ်က ဒီလူနာရဲ့ဘေးမှာ ရုန်းကန်နေခဲ့သော ဦးနိုင်ကိုပါ မှတ်မှတ်ရရ ဖြစ်မိ၏။ ဖတ်လက်စ စာအုပ်ကို သတိလက်လွတ် ဆုပ်ကိုင်လို့ ဆေးရုံအခန်းထောင့်မှာ မတ်တပ်ရပ်ကြည့်နေခဲ့သူ ဦးနိုင်။ လူနာအပေါ်ကျရောက်သည့် Defibrillator အချက်တိုင်းမှာ သူပါနာကျင်နေရသလို မျက်ဝန်းများဟာ စူးရှနေခဲ့ပြီး ချွေးသီးချွေးပေါက်တွေ ကျနေခဲ့သည့်လူ။

"ညဘက်‌တွေ ဆတ်ခနဲ ဆတ်ခနဲ နိုးနိုးလာတယ်လို့ ပြောဖူးတယ်...မဟုတ်ဘူး ‌..တွေ့ဖူးတာပါ။ ခုတော့ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ"

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now