P_20 (Uni)

5.2K 775 114
                                    

ရေချိုးခန်းထဲရောက်တာနဲ့ ကျွန်တော် နံရံကို နှစ်ချက်ဆက်တိုက် လက်သီးနဲ့ပိတ်ထိုးပစ်လိုက်တယ်။ သီဟနိုင်ကို စိတ်တိုလို့မဟုတ်ပါဘူး။ သူ့ကို အော်မိတဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် စိတ်တိုလို့ပါ။ ကျွန်တော် ဘာလို့ သူ့ကို အော်ရတာလဲ။ ဘာကိစ္စ သူ့ကို မာမာထန်ထန်ဆက်ဆံရတာလဲ။ မိဘတွေနဲ့တောင်ခွဲပြီး ကျွန်တော်နဲ့အတူလာနေတဲ့ ဒီကောင်လေးကိုလေ။ ကျွန်တော်က ဒီလိုမျိုး သိမ်ငယ်အောင်လုပ်မိနေတယ်။

ကျွန်တော် ကိုယ့်ကိုယ်ကိုယ်မုန်းတီးစိတ်နဲ့ ရေချိုးခန်းထဲမှာ နာရီဝက်လောက် ထိုင်နေမိတယ်။ အပြင်မှာ သီဟတစ်ယောက် ငိုနေလေမလား။ ဒါမှမဟုတ် ကျွန်တော့်ကို စိတ်ဆိုးပြီး စစ်ကိုင်းကိုများ ပြန်သွားလေမလား။ ကျွန်တော်မသိဘူး။ တွေးလည်းမတွေးရဲဘူး။ ကျွန်တော် အပြင်ထွက်ပြီး သူနဲ့ မျက်နှာချင်းဆိုင်ရမှာကို ကြောက်နေမိတယ်။

ဒါပေမဲ့ သီဟများ ကျွန်တော့်ကိုပစ်ပြီး စစ်ကိုင်းကို ပြန်သွားခဲ့ရင်ဆိုတဲ့စိတ်က ကျွန်တော့်ရင်ကို အဆမတန်ပူလောင်စေတာကြောင့် ကျွန်တော် အလောတကြီးနဲ့ အပြင်ကို ပြန်ထွက်လာခဲ့ရတယ်။

အပြင်ရောက်တော့ သီဟနိုင်ကို အိပ်ရာပေါ်မှာ စောင်ခေါင်းမြီးခြုံလျက်သားနဲ့ တွေ့လိုက်ရတာမို့ ကျွန်တော် နည်းနည်းတော့ ရင်အေးသွားရတယ်။

-----***-----

အိခနဲဖြစ်သွားတဲ့ မွေ့ရာနဲ့အတူ ကျွန်တော့်ကိုယ်ကို အနောက်ကနေ အသာအရာဆွဲလို့ ရင်ခွင်ထဲထည့်လိုက်ပါသော အကိုသူရစိုး။

"တောင်းပန်ပါတယ် ကလေးလေး"

ပြောပြီး ကျွန်တော့်ဦးခေါင်းကို ခပ်ဖွဖွ အနမ်းပေးလာတယ်။ ပြီးတာနဲ့ သူ့ကို ကျောပေးထားတဲ့ကျွန်တော့်ကို သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် အသာအရာဆွဲလို့ လှည့်လည်လိုက်တယ်။

"ကိုယ်တောင်းပန်ပါတယ် ကလေးလေး၊ မငိုပါနဲ့ကွာ နော်..."

အဆက်မပြတ် စီးကျနေတဲ့ ကျွန်တော့်မျက်ဝန်းအိမ်ထဲက အရည်တွေကို ခပ်ဖွဖွဖိသုတ်ရင်းနဲ့မှ အကိုသူရက ပြောလာခြင်းဖြစ်တယ်။ ပြီးတော့ ကျွန်တော့်နဖူးကို သူ့နှုတ်ခမ်းနဲ့ ထိကပ်ပြီး ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ဖက်လို့ ရင်ခွင်ထဲထည့်လိုက်ပြန်တယ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now