Chapter 57

26.1K 3.6K 178
                                    

Unicode

ကျူးလီ ဟန်ဆောင်ပန်ဆောင်လှဲချ၊ ယန်းချင်းချီ သူ့အစွမ်းတွေကို ပထမဆုံးအကြိမ်ထုတ်ပြ
__________________________________

နောက်နေ့မနက်စောစောတွင် Variety Showအဖွဲ့သားတွေအားလုံး Fတက္ကသိုလ်မှာ တရားဝင်ရိုက်ကူးရေးစတင်ခဲ့သည်။ စွင်းရွှင်နှင့် ချန်ရွှမ်းလန်မှာ ထုံးစံအတိုင်း အသင်းခေါင်းဆောင်များ ဖြစ်ကြသည်။ စွင်းရွှင်က အနီရောင်အားကစားဝတ်စုံကို ဝတ်ထားကာ ချန်ရွှမ်းလန်က အပြာရောင် အားကစားဝတ်စုံကို ဝတ်ထားသည်။

ကျန်တဲ့ အသင်းသား၈ယောက်မှာ အန်စာတုံးခေါက်ပြီး ဘယ်အသင်းထဲဝင်ရမလဲ ဆုံးဖြတ်ရမည်။ ဂဏန်းအပွင့်ကြီးကျတဲ့လူက စွင်းရွှင်အဖွဲ့ထဲဝင်ရမည်ဖြစ်ကာ ဂဏန်းအပွင့်သေးကျတဲ့လူက ချန်ရွှမ်းလန်အဖွဲ့ထဲဝင်ရမည်ဖြစ်သည်။

ယန်းချင်းချီက စွင်းရွှင်အဖွဲ့ထဲဝင်ချင်တာကြောင့် အန်စာတုံးထည့်ထားသည့်ဘူးကိုလှုပ်သည့်အခါ ဂရုတစိုက်ဖြင့်လိုချင်သည့်ဂဏန်းရအောင် လှုပ်နေပြီး ရလောက်ပြီဟုထင်မှသာ အဖုံးဖွင့်ကြည့်လိုက်သည်။

''၅နှစ်လုံး ၆တစ်လုံးဟေ့!
ယန်းချင်းချီ မင်းက ငါတို့အဖွဲ့ထဲမှာ ''

စွင်းရွှင် ထိုသို့ပြောလာတော့ ယန်းချင်းချီ ''အင်း''ဟု အသံပြုလိုက်ကာ သူ့ဘက်လျှောက်သွားလိုက်သည်။

သိပ်မကြာခင် အသင်းခွဲလို့ပြီးသွားလေပြီ။ စွင်းရွှင်၊ ယန်းချင်းချီ၊ ရွမ်ဝမ်ရွှမ်း၊ ကျန်ဟန်းဟွေ့ နှင့် တင်းဇီနန်တို့မှာ အနီရောင်အားကစားဝတ်စုံများဝတ်ကာ အနီအသင်းကို ကိုယ်စားပြုသည်။ ချန်ရွှမ်းလန်၊ တိုက်ဟုန်းကျို၊ ကျူးလီ၊ လီမုန်၊ ယန်ရှောက်ရှောက်တို့မှာ အပြာရောင်အားကစားဝတ်စုံများဝတ်ကာ အပြာအသင်းကိုကိုယ်စားပြုသည်။ ဇာတ်ကားအတွက် ပရိုမိုးရှင်း လာဆင်းကြသည့် ဧည့်သည်သရုပ်ဆောင်နှစ်ယောက်လည်း ရှိသေးသည်။ ထိုထဲကမှ ဖေ့ကျားမူမှာ အနီအသင်းထဲရောက်သွားပြီး လီယွမ်ချင်းမှာ အပြာအသင်းထဲရောက်သွားသည်။

အသင်းခွဲလို့ပြီးသွားသည့်အခါ ဂိမ်းတွေတရားဝင်စဆော့ကြလေသည်။ ဒီတစ်ခေါက်ဂိမ်းမှာ ဖွက်ထားသည့် ရတနာသေတ္တာထဲက ရွှေသော့ကို ရှာရမည့်ဂိမ်းဖြစ်သည်။ သော့အရင်ရှာတွေ့သည့်အဖွဲ့က အချိန်ရပ်နိုင်ကာ လူဘယ်နှစ်ယောက်ကျန်သလဲ ရေပြီးအနိုင်အရှုံးဆုံးဖြတ်မည်ဖြစ်သည်။ စွင်းရွှင် Fတက္ကသိုလ်မြေပုံကို တချက်ကြည့်လိုက်ကာ ပရိုဂရမ်အဖွဲ့သော့ဖွက်ထားလောက်မည့် အဆောက်အအုံတချို့ကိုရွေးပြီး အသင်းသားများကို သော့ရှာပုံတော်ဖွင့်ခိုင်းလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now